ဂါဇာဒေသစစ်ပွဲအဆုံးသတ်မယ့်အချိန်ကို အမေရိကန်နိုင်ငံ ဆုံးဖြတ်မှာမဟုတ်ဘဲ အစ္စရေးနိုင်ငံကသာ ဆုံးဖြတ်မယ်
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၁၁
ဟားမက်စ် နဲ့ အစ္စရေးနိုင်ငံကြားဖြစ်ပွားနေတဲ့ ဂါဇာဒေသစစ်ပွဲအဆုံးသတ်မယ့်အချိန်ကို အမေရိကန်နိုင်ငံက ဆုံးဖြတ်မှာ မဟုတ်ဘဲ အစ္စရေးနိုင်ငံက ဆုံးဖြတ်မှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အမေရိကန်နိုင်ငံအနေနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့အပေါ်ပြုလုပ်နေတဲ့ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကို ဒီနှစ် အကုန်မှာ အဆုံးသတ်ဖို့ ဖိအားပေးနေကြောင်း သတင်းတွေထွက်ပေါ်လာခဲ့ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အခုလိုမျိုးပြောဆိုခဲ့တာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက "ဟားမက်စ်အဖွဲ့အပေါ်ပြုလုပ်နေတဲ့တိုက်ခိုက်မှုတွေ ဘယ်လိုမျိုး လုပ်ဆောင်မယ်ဆိုတဲ့အချက်နဲ့ ဒီစစ်ပွဲ ဘယ်အချိန်မှာအဆုံးသတ်မလဲဆိုတဲ့အချက်တွေကို အစ္စရေးနိုင်ငံကသာ ဆုံးဖြတ်သွားဖွယ်ရှိနေပါတယ်" လို့ ပြောပါတယ်။
ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဟာ အောက်တိုဘာ ၇ ရက်က အစ္စရေးနိုင်ငံကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ထိန်းချုပ်ထားတဲ့ ဂါဇာဒေသကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့ရာ သုံးလအတွင်း ရောက်ရှိလာပြီဖြစ်ပါတယ်။ အစ္စရေးဟာ ဂါဇာဒေသကို ၁၆ နှစ်ကြာ ထိန်းချုပ်ထားတဲ့ ဟားမက်စ်လက်နက်ကိုင် အဖွဲ့ရဲ့ထိန်းချုပ်မှုတွေ အဆုံးသတ်ဖို့ ဟားမက်စ်ခေါင်းဆောင်တွေကို ဖြုတ်ချသုတ်သင်ဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။
ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးက အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ဂါဇာဒေသမှာ အနည်းဆုံးလူပေါင်း ၁၇၅ဝဝ ကျော် သေဆုံးထားတယ်လို့ ဆိုထားပေမယ့် အစ္စရေးကတော့ အဲဒီသေဆုံးသူတွေထဲမှာ ဟားမက်စ်အဖွဲ့ဝင် အနည်းဆုံး ၇ဝဝဝ ကျော် ပါဝင်ခဲ့ကြောင်း ပြောပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ ဂါဇာဒေသကို တိုက်ခိုက်နေတဲ့အစ္စရေးရဲ့တိုက်ခိုက်မှုတွေကို အပစ်ခတ်ရပ်စဲပေးဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက မဲခွဲဆုံးဖြတ်ခဲ့ပေမယ့် အမေရိကန်နိုင်ငံက ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကိုးကန့်ဥက္ကဋ္ဌဟောင်း နှင့် လွှတ်တော်အမတ်ဟောင်း ဦးပယ်ဆောက်ချိန်အပါအဝင် (၁၀)ဦးကို တရုတ်ရဲတပ်ဖွဲ့ ဖမ်းဝရမ်းထုတ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ