ဂျာမန်အဓိပတိအိုလက်ဖ်ရှိုးလ်က ၎င်း၏အလုပ်ကို ကောင်းမွန်စွာမလုပ်ဆောင်နိုင်ဟု ဂျာမနီနိုင်ငံသား (၇၄) ရာခိုင်နှုန်းက ယုံကြည်ကြောင်း စစ်တမ်းတစ်ခုတွင် ဖော်ပြ
Pika (NSS) - ဒီဇင်ဘာ ၁၁
ဂျာမနီနိုင်ငံသားအများစုသည် ဂျာမန်အဓိပတိအိုလက်ဖ်ရှိုးလ်၏ အဓိပတိအဖြစ် ဆောင်ရွက်ချက်များကို သဘောမတူကြကြောင်း YouGov ကုမ္ပဏီ၏ မကြာသေးမီက ပြုလုပ်ခဲ့သော စစ်တမ်းတစ်ခုအရ သိရသည်။
ထို့အပြင် အိုလက်ဖ်ရှိုးလ်၏ ညွန့်ပေါင်းအစိုးရကို ဂျာမနီနိုင်ငံသားအများစုက သဘောမကျကြကြောင်း အဆိုပါ စစ်တမ်းထဲတွင် ဖော်ပြထားသည်။ အိုလက်ဖ်ရှိုးလ်၏ အဓိပတိအဖြစ် တာဝန်ယူချိန်(၂)နှစ်အတွင်း လူထု မကျေနပ် မှုသည် ဂျာမနီနိုင်ငံ အဓိပတိသမိုင်းတစ်လျှောက် စံချိန်တင်အမြင့်ဆုံးဖြစ်ခဲ့ကြောင်း ARD-DeutschlandTrend က ပြုလုပ်ခဲ့သော စစ်တမ်းတစ်ခုအရ သိရသည်။
YouGov သည် အဆိုပါစစ်တမ်းကို ဒီဇင်ဘာ(၁)ရက်မှ (၆)ရက်အတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဖြေဆိုသူဦးရေ (၂၁၁၉) ဦးရှိကာ ရလဒ်များကို ဒီဇင်ဘာလ(၉)ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အိုလက်ဖ်ရှိုးလ်သည် ၎င်း၏ အလုပ်ကို ညံ့ဖျင်းစွာလုပ်ဆောင်နေကြောင်း စစ်တမ်းဖြေဆိုသူများ၏ (၇၄)ရာခိုင်နှုန်းက ဖြေဆိုခဲ့ကြပြီး ဖြေဆိုသူ(၂၀)ရာခိုင်နှုန်းကသာ အိုလက်ဖ်ရှိုးလ်က ၎င်း၏ အလုပ်ကို ကောင်းမွန်စွာလုပ်ဆောင်သည်ဟု ယုံကြည် ကြောင်း ဖြေဆိုခဲ့ကြသည်၊၊
စစ်တမ်းကောက်ယူမှုအတွင်း အိုလက်ဖ်ရှိုးလ်၏ ညွန့်ပေါင်းအစိုးရအဖွဲ့ကို မလိုလားကြောင်း စစ်တမ်းဖြေဆိုသူ များ၏ (၇၃)ရာခိုင်နှုန်းက ဖြေဆိုခဲ့ကြပြီး ဖြေဆိုသူများ၏(၂၂)ရာခိုင်နှုန်းကသာ လက်ရှိ ညွန့်ပေါင်းအစိုးရအဖွဲ့ကို လိုလားကြောင်း ဖြေဆိုခဲ့ကြသည်။
ထို့အပြင် အိုလက်ဖ်ရှိုးလ်၏ ဂျာမနီနိုင်ငံအပေါ် အုပ်ချုပ်မှုနည်းလမ်းနှင့်ပတ်သက်ပြီး ယုံကြည်အနည်းငယ် (သို့မဟုတ်) ယုံကြည်မှုလုံးဝမရှိကြောင်း စစ်တမ်းဖြေဆိုသူများ၏ (၇၇)ရာခိုင်နှုန်းက ဖြေဆိုခဲ့ကြကြောင်း သိရသည်။
ARD-DeutschlandTrend က ပြုလုပ်ခဲ့သော စစ်တမ်းတွင် ဖြေဆိုသူများ၏ (၂၀)ရာခိုင်နှုန်းကသာ အိုလက်ဖ်ရှိုးလ် ၏ အလုပ်လုပ်ဆောင်ပုံနှင့်ပတ်သက်ပြီး စိတ်ကျေနပ်မိကြောင်း ဖြေဆိုခဲ့ကြပြီး အခြား(၂၇)ရာခိုင်နှုန်းကသာ အိုလက်ဖ်ရှိုးလ်သည် ၎င်း၏အလုပ်ကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်သည်ဟု ယုံကြည်ကြောင်း ဖြေဆိုခဲ့ကြသည်။ ထို့အပြင် ဂျာမနီနိုင်ငံသားများ၏ (၈၂)ရာခိုင်နှုန်းသည် လက်ရှိညွန့်ပေါင်းအစိုးရ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး မကျေမနပ်ဖြစ်နေကြကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဒီဇင်ဘာလ ၁ဝ ရက်အတွင်းဖြစ်ပွားခဲ့တဲ့ ပြည်တွင်းနှင့် ပြည်ပက သတင်းများ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း