မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ ပိုမိုမြင့်တက်လာနေဟု ကုလသမဂ္ဂပြော
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၉
မြန်မာနိုင်ငံမှာ အောက်တိုဘာလနောက်ပိုင်းကတည်းကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် လူပေါင်း ၅ သိန်းကျော် နေရပ်စွန့်ခွာခဲ့ရပြီး တိုက်ပွဲတွေက နိုင်ငံသုံးပုံနှစ်ပုံကိုပျံ့နှံ့နေကြောင်း ကုလသမဂ္ဂလူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေးအဖွဲ့ကပြောပါတယ်။
အောက်တိုဘာလနောက်ပိုင်းကတည်းက ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် လူပေါင်း ၅၇၈၀၀၀ နေရပ်စွန့်ခွာခဲ့ရတယ်လို့ခန့်မှန်းရပေမယ့် စာရင်း အတိ အကျရဖို့ ခက်ခဲနေကြောင်းသိရပါတယ်။ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာရသူတွေဟာ လောင်စာဆီများ၊ လူသားချင်းဆိုင်ရာစာနာမှုအကူအညီများလိုအပ်နေကြောင်းသိရပါတယ်။
တိုက်ပွဲတွေကြောင့် ဆက်သွယ်ရေးလုပ်ငန်းတွေ ပြတ်တောက်ပျက်စီးခဲ့ရပြီး လမ်းပန်းဆက်သွယ်ရေးအခက်အခဲဖြစ်ခဲ့ရကြောင်း ကုလသမဂ္ဂလူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့ကပြောပါတယ်။
ကုလသမဂ္ဂလူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့က "တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်။ အရပ်သားတွေ ဘေးအန္တရာယ်ဖြစ်မှုကနေ ကာကွယ်ပေးဖို့ ခက်ခဲနေပါတယ်။ လိုအပ်တဲ့ ကုန်စည်ပစ္စည်းတွေ ပို့ဆောင်ရေးအတွက်လည်း အကန့်အသတ်တွေနဲ့လုပ်ကိုင်နေရတယ်။ ပြည်သူတွေဟာ ဘေးကင်းမယ့်နေရာမျိုးကို ရှာဖွေနိုင်ဖို့ ကြိုးပမ်းနေရတယ်။လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားခဲတဲ့နေရာတွေမှာ ဆက်သွယ်ရေးပြတ်တောက်မှုတွေလည်းဖြစ်ပွားနေတယ်"လို့ ပြောပါတယ်။
မြန်မာနိုင်ငံတွင် အောက်တိုဘာလနောက်ပိုင်းမှစတင်ပြီး သီတင်းပတ် ခြောက်ပတ်အတွင်း အနည်းဆုံးလူပေါင်း ၃၆၃ ဦးသေဆုံးကာ ၄၆၁ ဦးဒဏ်ရာရခဲ့ကြောင်းသိရပါတယ်။ မြန်မာနိုင်ငံမှာ အောက်တိုဘာလ နောက် ပိုင်းကတည်းက ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာရသူတွေအပါ အဝင်လူပေါင်း (၂)သန်းကျော်က နေရပ်စွန့်ခွာထားရကြောင်း ကုလသမဂ္ဂအဖွဲ့ကပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တာမွေမြို့နယ်ရှိ ရွှေထွဋ်တင်ကွင်းအနီးတွင် ပေါက်ကွဲမှုဖြစ်ပွား
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ