တာမွေမြို့နယ်ရှိ ရွှေထွဋ်တင်ကွင်းအနီးတွင် ပေါက်ကွဲမှုဖြစ်ပွား
Pearl (NSS) - ဒီဇင်ဘာ ၉
တာမွေမြို့နယ်ရှိ ရွှေထွဋ်တင်ကွင်းအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဒီဇင်ဘာလ ၉ ရက်)၊ ညနေ (၃)နာရီ အချိန်ခန့်တွင် ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ တာမွေလေးရပ်ကွက်၊ ရွှေထွဋ်တင်ကွင်းအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရွှေထွဋ်တင်ကွင်း၌ Waterzonic EDM ဖျော်ဖြေပွဲ ကျင်းပပြုလုပ်နေစဉ်အချိန်တွင် လမ်းဘေးမှ လူအချို့က အသံမိုင်းဖြင့်ပစ်ခတ်ခဲ့သည်ဟု ယူဆရကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ထိုသို့ ပစ်ခတ်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနီးရှိပုဂ္ဂလိကလုံခြုံရေးအဆောက်အဦးမှာလည်း အနည်းငယ်ထိခိုက်ပျက်ဆီးမှုများရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် အဆိုပါကွင်းအတွင်း၌ Waterzonic EDM ဖျော်ဖြေပွဲအား ဆက်လက် ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို Dark Shadow အဖွဲ့ နှင့် ၎င်း၏မဟာမိတ် GOD/ မြို့ ပြတော်လှန်ရေး အင်အားစုတို့က ပူးပေါင်းကာ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မူဆယ်မြို့ ရွှေလီမြစ်အတွင်း၌ ဆယ်ကျော်သက်အရွယ် အမျိုးသား တစ်ဦး ထပ်မံရေနစ်ပျောက်ဆုံးနေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း