မူဆယ်မြို့ ရွှေလီမြစ်အတွင်း၌ ဆယ်ကျော်သက်အရွယ် အမျိုးသား တစ်ဦး ထပ်မံရေနစ်ပျောက်ဆုံးနေ
သန့်ဇင် (NSS) - ဒီဇင်ဘာ ၉
ရှမ်းပြည်နယ်၊ မူဆယ်မြို့ရှိ၊ ရွှေလီမြစ်အတွင်း ဆယ်ကျော်သက်အရွယ် အမျိုးသားတစ်ဦး ရေနစ် ပျောက်ဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ရေနစ်ပျောက်ဆုံးမှုသည် ယနေ့(ဒီဇင်ဘာလ ၉ ရက်)၊ မွန်းလွဲ ၃နာရီအချိန်ခန့်တွင် မူဆယ်မြို့ရှိ၊ ရွှေလီမြစ်အတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ခုဖြစ်စဉ်ကလဲ အရင်နေ့ကဖြစ်တဲ့နေရာမှာပဲ ရေချိုးရင်းနဲ့ဖြစ်ရတာ။ ခုရေနစ်ပြီးပျောက်နေတဲ့ ကလေးက သူငယ်ချင်းတွေနဲ့ မြစ်ထဲမှာ ဘောလုံးနဲ့ ကစားရင်း ဘောလုံးမျောပါသွားလို့ လိုက်ယူရင်းနဲ့ နစ်ပြီးပျောက်သွားတာ” ဟု မူဆယ်မြို့ခံတစ်ဦးက NSS ကို ပြောသည်။
အဆိုပါရေနစ်ပျောက်ဆုံးနေသူသည် မူဆယ်မြို့တွင်နေထိုင်သည့် အသက်(၁၇)နှစ်အရွယ်အမျိုးသားဖြစ်ပြီး ပြန်လည်ရှာဖွေ တွေ့ရှိရေး မူဆယ်မြို့နယ်ရှိလူမှုကူညီရေးအသင်းများက ဝိုင်းဝန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ခုထိတော့ ရှာနေတုန်းပါပဲ။ အဲဒီမြစ်ထဲမှာပဲ မူဆယ်ဘက်ကနေ တစ်နှစ်ကို လူ(၁၀၀)လောက် ရေနစ်ဆုံးနေတယ်။ အခုဖြစ်တဲ့အဓိအကြောင်းရင်းကတော့ လျှပ်စစ်မီးမရတဲ့အတွက် ကလေးတွေက အိမ်မှာရေမချိုးရတော့ မြစ်ထဲလာချိုးရင်းနဲ့ဖြစ်ကြတာပါ။ နောက်တစ်ခုက အဲဒီမြစ်ထဲက သဲစုပ်နေတဲ့ တရားမဝင်စက်ကြီးက သဲတွေစုပ်တော့ မြစ်ထဲမှာ ဝဲတွေဖြစ်ပြီး ခုလိုတွေဖြစ်တာပေါ့”ဟု ၎င်းကဆက်လက်ပြောသည်။
အလားတူ ပြီးခဲ့သော(ဒီဇင်ဘာလ ၆ ရက်)ကလည်း ရွှေလီမြစ်အတွင်း၌ ရေးဆင်းကူးသည့် အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှုဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးပြီး မူဆယ်မြို့နယ်လူမှုကူညီရေးအသင်းများက ရုပ်အလောင်းအား ၁၀ နာရီခန့်ကြာရှာဖွေခဲ့ရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စက်သုံးဆီတင်သွင်းမှုတွင် လိုအပ်သောနိုင်ငံခြားငွေကို အတိုင်းအတာတစ်ခုအထိ ဗဟိုဘဏ်၏ငွေလဲလှယ်နှုန်းဖြင့် ခွင့်ပြုပေးနေဟု ဒုဝန်ကြီးချုပ်ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း