ဥမင်လိုဏ်ခေါင်းတွေကို ပင်လယ်ရေတွေ အသုံးပြုကာဖျက်ဆီးမယ့် အစ္စရေးရဲ့လုပ်ရပ်က စစ်ရာဇဝတ်မှုကျူးလွန်ခြင်းမျိုးဖြစ်လာနိုင်ကြောင်း ရုရှားအစိုးရသတိပေး
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၉
ဂါဇာဒေသရှိ ဟားမက်စ်အုပ်စုပိုင် လိုဏ်ခေါင်းဆောင်တွေကို ပင်လယ်ရေတွေ အသုံးပြုကာဖျက်ဆီးမယ့် အစ္စရေးရဲ့အစီအစဉ်တွေဟာ စစ်ရာဇဝတ်မှုကျူးလွန်မှုဖြစ်လာဖွယ်ရှိနေတယ်လို့ ရုရှား သံအမတ်ကြီးက ပြောပါတယ်။
ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး Dmitry Polyansky ဟာ ဒီဇင်ဘာ လ ၈ ရက်ကကျင်းပခဲတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးအတွင်း အခုလိုမျိုးပြောခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ရုရှားသံအမတ်ကြီးက "ဂါဇာကမ်းမြောင်ဒေသရှိ ဟားမက်စ် လက်နက်ကိုင်အုပ်စုရဲ့မြေအောက်ဥမင်လိုဏ်ခေါင်းတွေကို အစ္စရေးက ပင်လယ်ရေတွေအသုံးပြုပြီး ဖျက်ဆီးမယ်လို့ သတင်းတွေကြားနေရတယ်။ အဲဒီသတင်းတွေဟာ အမှန်တကယ် ဆိုရင် မဖြစ်သင့်ဘူး"လို့ ပြောပါတယ်။
အစ္စရေးအစိုးရဟာ ဂါဇာကမ်းမြောင်ဒေသရှိ ဟားမက်စ်လက်နက်ကိုင်အုပ်စုတွေရဲ့မြေအောက်ဥမင်လိုဏ်ခေါင်းကို ပင်လယ်ရေတွေ စုပ်ထုတ်ပြီးဖျက် ဆီးဖို့ အမေရိကန်အစိုးရနဲ့ ပြင်ဆင်နေကြောင်းသိရပါတယ်။ ရုရှားအစိုးရက ပင်လယ်ရေဟာ ဂါဇာဒေသရှိမြေအောက်ရေကို ပျက်စီးစေပြီး လူနေထိုင်ဖို့ မသင့်တော်ကြောင်း ပြောပါတယ်။ အစ္စရေး အာဏာပိုင်များဟာ ဂါဇာဒေသမှာနေထိုင်နေတဲ့ ပါလက်စတိုင်းပြည်သူတွေကို အီဂျစ်နိုင်ငံဘက်ခြမ်းကိုပြောင်းရွှေ့ဖို့လိုလားနေကြောင်းသိရပါတယ်။ အစ္စရေးစစ်တပ်ဟာ ဂါဇာဒေသကို မြေပြင်ထိုးစစ်ဆင်နွဲခဲ့ပြီးနောက် ဟားမက်စ်လက်နက်ကိုင်အဖွဲ့တွေ ပိုင်ဆိုင်ထားတဲ့မြေအောက်ဥမင်လိုဏ်ခေါင်းအရေအတွက် ၈၀၀ ကျော် ရှာဖွေတွေ့ရှိထားကြောင်းသိရပါတယ်။
အစ္စရေးဟာ အဆိုပါတွေ့ရှိထားတဲ့ မြေအောက်ဥမင်လိုဏ်ခေါင်းတွေကိုဖျက်ဆီးဖို့ ပင်လယ်ရေကိုအသုံးပြုဖို့ ရေစုပ်စက်တွေ ပြင်ဆင်နေကြောင်း အစောပိုင်းကတည်းက သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ အစ္စရေး နဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲဟာ အောက်တိုဘာလ ၇ ရက်မှာစတင်ခဲ့ပြီး ပါလက်စတိုင်းလူမျိုးအနည်းဆုံး ၁၆၀၀၀ ကျော်သေဆုံးထားကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်းစိန်လူမိုက်ဟု လူသိများသည့် ကျော်ဝင်းစိန် ကြည့်မြင်တိုင်မြို့နယ်တွင် ဓါးဖြင့် ခုတ်သတ်ခံခဲ့ရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ