အင်းစိန်လူမိုက်ဟု လူသိများသည့် ကျော်ဝင်းစိန် ကြည့်မြင်တိုင်မြို့နယ်တွင် ဓါးဖြင့် ခုတ်သတ်ခံခဲ့ရ
မြူနစ် (NSS) - ဒီဇင်ဘာ ၉
အင်းစိန်လူမိုက်ဟု လူသိများသည့် ကျော်ဝင်းစိန်သည် ကြည့်မြင်တိုင်မြို့နယ်တွင် ဓါးဖြင့် ခုတ်သတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဒီဇင်ဘာလ ၈ ရက်)၊ ညပိုင်းတွင် ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်ရှိ ကျောင်းကြီးလမ်းတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက NSS ကို ပြောသည်။
“ကြည့်မြင်တိုင်၊ ကျောင်းကြီးလမ်းမှာ ဖြစ်တာ။ ဖြစ်ဖြစ်ခြင်း အသံကြားတော့ သွားတဲ့အခါမှာ သွေးအိုင်ထဲမှာ လဲပြီးသေနေတာကို တွေ့တာ။ လူမိုက်အချင်းချင်းဖြစ်တာလို့တော့ သိရတယ်။ ဘယ်လိုဖြစ်ကြတယ်ဆိုတာတော့ မသိသေးပါဘူး။ လောလောဆယ်တော့ အမှုဖွင့်ထားပါတယ်” ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက ပြောသည်။
လက်ရှိတွင် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာရဲစခန်း၌ အမှုဖွင့်ထားကြောင်းသိရပြီး သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များက လိုက်လံစုံစမ်းလျက်ရှိကြောင်း သိရသည်။
အင်းစိန်လူမိုက်ဟု လူသိများသော ကျော်ဝင်းစိန်သည် အင်းစိန်မြို့နယ်၊ ကမ်းနားအနောက်ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ပြန်ပေးဆွဲမှု၊ လုယက်မှု၊ မူးယစ်ဆေးဝါးမှုများဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရဖူးသူဖြစ်သည်။
၎င်းသည် လက်ရှိနစကအစိုးရလက်ထက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ ပိုမိုမြင့်တက်လာနေဟု ကုလသမဂ္ဂပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း