ရုရှားတို့ အမေရိကန်ကို ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်ဖို့ ပိုမိုခြိမ်းခြောက်လာနေဟု ဆို
ဂျန်ဇက် (NP
News) - မတ် ၁၂
အမေရိကန်ကို ရုရှားတို့ ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်မယ့် အလာလားတွေဟာ လက်ရှိအချိန်မှာ ပိုမိုတိုးလာနေ ကြောင်း ရုရှားရေကြောင်းလေ့လာရေး အင်စတီကျူ(RMSI) အကြီးအကဲ က ပြောပါတယ်။
RMSI အကြီးအကဲဖြစ်သူ မိုက်ကယ်ပီတာဆန် Michael Petersen ဟာ ရုရှားတို့ရဲ့ရေငုပ်သင်္ဘောဖြန့်ကြတ်ချထားမှု အခြေအနေများအပေါ် သုံးသပ်ပြီး အခုလိုမျိုးပြောဆိုခဲ့တာဖြစ်ပါတယ်။ ရုရှားဟာ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲ သွားတဲ့ ၁၉၉၁ ခုနှစ်နောက်ပိုင်းကတည်းက ရေတပ်နဲ့ပတ်သက်ပြီး ကြီးမားတဲ့ ပြုပြင်ပြောင်းလဲမှုတွေ၊ ခေတ်မီ အောင် လုပ်ဆောင်မှုတွေကို အရှိန်မြင့်ခဲ့ကြောင်း သိရပါတယ်။
ရုရှားဟာ သက်တမ်းရင့်နေတဲ့ ရေတပ်သင်္ဘောတွေနေရာ သင်္ဘောအသစ်အများအပြားနဲ့ အစားထိုးခဲ့ရာ ရေငုပ် သင်္ဘာအများဆုံးပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေထဲမှာ ပါဝင်နေတယ်လို့ သိရပါတယ်။ ရုရှားဟာ နျူကလီးယား စွမ်းအင်သုံးရေငုပ်သင်္ဘာ ၁၁ စင်း အပါအဝင် လက်ရှိအချိန်မှာ ရေငုပ်သင်္ဘာ စုစုပေါင်း ၅၈ စင်း ပိုင်ဆိုင်ထားတယ် လို့ သိရပါတယ်။
၎င်းက ရုရှားရဲ့အမေရိကန်ကို ဒုံးကျည်နဲ့ပစ်ခတ်တိုက်ခိုက်ဖို့ ခြိမ်းခြောက်မှုတွေ တိုးလာနေပြီး ပဲ့ထိန်းဒုံးကျည်ကနေ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်စတဲ့ ဒုံးကျည်တွေနဲ့တိုက်ခိုက်ဖို့ ပိုမိုခြိမ်းခြောက်လာနေကြောင်း ပြောပါတယ်။ ရုရှားဟာ စစ်အေးခေတ်တိုက်ပွဲကာလစတင်တဲ့ ၁၉၆၀ခုနှစ်နဲ့ ၁၉၈ဝ ခုနှစ်ပြည့်လွန်နှစ်များက နျူကလီးယား စွမ်းအင်သုံးရေငုပ်သင်္ဘာများကို အမေရိကန်အနောက်ဘက်ကမ်းရိုတန်းနဲ့ အရှေ့ဘက်ကမ်းရိုးတန်းကို စေလွှတ်ခဲ့ ကြောင်း သိရပါတယ်။
၎င်းက "လက်ရှိအချိန်မှာ ရုရှားဟာ အမေရိကန်ကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ဖို့ အလားလာပိုမိုများလာတယ်။ ဒါပေမယ့် အခြေအနေတွေကတော့ အရင်တုန်းကနဲ့မတူ ကွဲပြားခြားနားလာတယ်။ လက်ရှိ ရုရှားရဲ့အခြေအနေတွေ ဟာ အရင်နဲ့မတူကွဲပြားမှုတွေ ရှိနေတယ်။ ရုရှားရဲ့လက်ရှိအခြေနေတွေဟာ ရေတပ်တပ်ဖွဲ့က ပစ်မှတ်ကို တိကျ မှန်ကန်အောင် ပစ်နိုင်စွမ်းရှိတဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ၊ နျူကလီးထားထိပ်ဖူးတပ် ဒုံးကျည်များ ပိုမိုပိုင်ဆိုင်လာတယ်" လို့ ပြောပါတယ်။
ရုရှားဟာ ဆိုဗီယက်ပြိုကွဲခဲ့ပြီးနောက်ပိုင်း ရေငုပ်သင်္ဘောများပိုမို ပိုင်ဆိုင်ရေးကို ဦးစားပေးလုပ်ဆောင်ခဲ့ပြီး လက်ရှိ အချိန်မှာတော့ အမေရိကန်နဲ့ ဥရောပတိုက်အတွင်းရှိ ပစ်မှတ်များကို တိကျမှန်ကန်မှုနဲ့ ရောက်ရှိနိုင်စွမ်းရှိတဲ့ ဒုံးကျည်တွေ ဖြန့်ကြတ်ချထားတဲ့ ရေငုပ်သင်္ဘာအများအပြား ပိုင်ဆိုင်ထားကြောင်း (RMSI) အကြီးအကဲ ပီတာဆန် က ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နစက၏ NSPNC နှင့် EAO (၇)ဖွဲ့အကြား အလွတ်သဘောတွေ့ဆုံဆွေးနွေးရန် သဘောတူညီမှုရရှိခဲ့ပြီး ယခုမတ်လ မကုန်ခင် ဆွေးနွေးမည်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ