ကုလသမဂ္ဂအကြီးအကဲတစ်ဦးကို နေထိုင်ခွင့်ဗီဇာ ရုတ်သိမ်းလိုက်ကြောင်း အစ္စရေးအစိုးရပြော
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၇
အစ္စရေးအစိုးရဟာ ပါလက်စတိုင်းရှိ ကုလသမဂ္ဂလူအခွင့်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်အဖွဲ့ အကြီးအကဲတစ်ဦးဖြစ်သူ လင်းဟတ်စတင်းကို နေထိုင်ခွင့်ဗီဇာ ပြန်ရုတ်သိမ်းလိုက်ကြောင်း သိရပါတယ်။
လင်းဟတ်စတင်းဟာ ပါလက်စတိုင်းလူမျိုးတွေအပေါ် အစ္စရေးနိုင်ငံရဲ့တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ဝေဖန်ခဲ့ခြင်းအပေါ် အစ္စရေးအစိုးရက တုံ့ပြန်လိုက်တာဖြစ်ပါတယ်။ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက အောက်တိုဘာ ၇ ရက်က အစ္စရေးနိုင်ငံအပေါ် တိုက်ခိုက်ခဲ့တဲ့ ဟားမက်စ်အဖွဲ့ရဲ့တိုက်ခိုက်မှုတွေကို ဝေဖန်ပြစ်တင်ဖို့ ပျက်ကွက်ခဲ့ခြင်းနဲ့ပတ်သက်ပြီး ဟတ်စတင်းနဲ့ ကုလသမဂ္ဂရဲ့ဘက်လိုက်မှုတွေကို လက်တုံ့ပြန်တာဖြစ်ကြောင်း ဆိုပါတယ်။
အစ္စရေးနိုင်ငံခြားရေးဝန်ကြီး အလီကိုဟန်က "အစ္စရေးနိုင်ငံသား ၁၂ဝဝ ကျော် သေဆုံးစေမှုနဲ့အတူ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ ပြန်ပေးဆွဲခံရမှုတွေကို ပြစ်တင်ရှုတ်ချဖို့ ပျက်ကွက်သူတိုင်းကို ဟားမက်စ်အဖွဲ့ကို ပြစ်တင်ရှုတ်ချရမယ့်အစား အစ္စရေးနိုင်ငံကို ပြစ်တင်ရှုတ်ချကြတယ်။ အဲဒီသူတွေကို အစ္စရေးနိုင်ငံထဲကို ဝင်ရောက်ခွင့်ပေးမှာ မဟုတ်ဘူး။ အဲဒီလူတွေဟာ ကုလသမဂ္ဂမှာ တာဝန်ယူဖို့ မထိုက်တန်ဘူး" လို့ ပြောပါတယ်။
အစ္စရေးနိုင်ငံဟာ ဟားမက်စ်အဖွဲ့ရဲ့တိုက်ခိုက်မှုတွေကိုလက်တုံ့ပြန်ဖို့ ဂါဇာဒေသကို တိုက်ခိုက်ခဲ့ရာ ပါလက်စတိုင်းလူမျိုးအနည်းဆုံး ၁၆ဝဝဝ ကျော် သေဆုံးထားပါတယ်။ ပါလက်စတိုင်းလူမျိုးတွေ သေဆုံးမှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအဖွဲ့တွေဟာ အစ္စရေးနိုင်ငံကို ဝေဖန်ပြစ်တင်နေကြောင်း သိရပါတယ်။
ဟတ်စတင်းက အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ဂါဇာဒေသမှာ လူသားချင်းဆိုင်ရာစာနာမှုအကူအညီများစွာ လိုအပ်ခဲ့ပြီး ဂါဇာဒေသကို အကူအညီများ လွှဲပြောင်းပေးလို့မရဘဲ ရှိနေကြောင်း ဆိုပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အခြေခံမူလတန်းအောင်မြင်သူများ လျှောက်ထားနိုင်မည့် လက်ရက်ကန်း သင်တန်း တောင်ကြီး၌ဖွင့်လှစ်မည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ