တိုင်းမ်မဂ္ဂဇင်းက ချီးမြှင့်တဲ့ တစ်နှစ်တာအကောင်းဆုံး “Person of the Year” ဆုကို သိမ်းပိုက်သွားတဲ့ ကမ္ဘာကျော် အဆိုတော် တေလာဆွတ်ဖ်
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၇
ကမ္ဘာကျော်အဆိုတော်တစ်ဦးဖြစ်တဲ့ တေလာဆွတ်ဖ်ဟာ ၂ဝ၂၃ ခုနှစ်အတွက် တိုင်းမ်မဂ္ဂဇင်းက ချီးမြှင့်တဲ့ တစ်နှစ်တာအကောင်းဆုံး Person of the Year ဆုကို ရရှိခဲ့တယ်လို့ သိရပါတယ်။
တေလာဆွတ်ဖ်ဟာ ၂ဝ၂၃ ခုနှစ်အတွင်း အံ့အားသင့်ဖွယ်ကောင်းတဲ့အောင်မြင်မှုများ ရရှိခဲ့ပြီးနောက် အခုလိုမျိုး Person of the Year ဆု ချီးမြှင့်ခံရတာလည်းဖြစ်ပါတယ်။ တေလာဆွတ်ဖ်ဟာ တေးအယ်ဘမ်ပေါင်း ၁ဝ ခု ထွက်ရှိ ထားရာ အဲဒီတေးအယ်ဘမ်တွေ အားလုံး အကြီးအကျယ်အောင်မြင်မှုတွေ ရရှိခဲ့ကြောင်း သိရပါတယ်။
တေလာဆွတ်ဖ်ဟာ သူရဲ့ဘဝအတွင်း Grammy Awards ဆုပေါင်း ၁၂ ခုရရှိထားပြီး Grammy Awards, ဆုသမိုင်း မှာ ဆုအများဆုံးရယူနိုင်ခဲ့တဲ့ အမျိုးသမီးအဆိုတော်တစ်ဦးလည်းဖြစ်ပါတယ်။ တေလာဆွတ်ဖ်ဟာ မြောက်အမေရိက၊ ဥရောပနဲ့ လက်တင်အမေရိက ခရီးစဉ်တွေကို ၂ဝ၂၃ ခုနှစ်အတွင်း သွားရောက်ဖျော်ဖြေခဲ့ပြီး ၂ဝ၂၃ ခုနှစ်အတွင်း ကမ္ဘာလှည့်ဖျော်ဖြေပွဲပေါင်း အနည်းဆုံး ဖျော်ဖြေခဲ့ပါတယ်။
တေလာဆွတ်ဖ်ဟာ အဆိုပါကမ္ဘာလှည့်ဖျော်ဖြေရေးခရီးစဉ်တွေအပြင် တေလာဆွတ်ဖ် ခေါင်းစဉ်ပေးထားတဲ့ concert film ကို ထုတ်လုပ်ခဲ့ကြောင်း သိရပါတယ်။ တေလာဆွတ်ဖ်ဟာ အဆို တေလာဆွတ်ဖ် အမည်ရှိ သီချင်းနဲ့ပတ်သက်တဲ့ ရုပ်ရှင်ဇာတ်ကားကိုထုတ်လုပ်ခဲ့ရာ အမေရိကန်ဒေါ်လာသန်း ၂၅ဝ ကျော်နီးပါး အမြတ်ရရှိခဲ့ ကြောင်း သိရပါတယ်။
တေလာဆွတ်ဖ်ဟာ ကမ္ဘာတဝန်းမှာ လူမူရေးမျှတမှုတွေဖြစ်စေဖို့၊ LGBTQ+ အခွင့်အရေး၊ အနုပညာရှင်တွေရဲ့ ကိုယ်ပိုင်ဖန်တီးမှုအခွင့်အရေးများအတွက် စိုးရိမ်ကြောက်ရွှံ့မှုမရှိဘဲ ထုတ်ဖော်ဝေဖန်ခဲ့သူလည်းဖြစ်ပါတယ်။ တေလာဆွတ်ဖ်ဟာ ကမ္ဘာပေါ်ရှိ အနုပညာရှင်တွေထဲမှာ သြဇာလွှမ်းမိုးမှုရှိတဲ့ အနုပညာရှင်တစ်ဦးအဖြစ် သတ်မှတ်ခံလာရကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်ပခရီးသွားများ လာရောက်ရာ၌ လွယ်ကူစေရန် မလိုလားအပ်သည့် အဟန့်အတားများ ဖြေလျှော့ပေးရမည်ဟု နစကဝန်ကြီးဆို
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ