ရုရှားနိုင်ငံထံကနေ Su-35 အမျိုးအစား တိုက်လေယာဉ်များ အီရန်နိုင်ငံ ဝယ်ယူ
ဂျန်ဇက် (NP News) - မတ် ၁၂
အီရန်နိုင်ငံဟာ ရုရှားနိုင်ငံထံကနေ Su-35 အမျိုးအစားတိုက်လေယာဉ်များ ဝယ်ယူဖို့ စာချုပ်ချုပ်ဆိုလိုက်ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြထားပါတယ်။
ယူကရိန်းစစ်ပွဲမှာ အီရန်နိုင်ငံထုတ် ဒရုန်းများကို ရုရှားဘက်က အသုံးပြုခဲ့ပြီးနောက် နှစ်နိုင်ငံကြားဆက်ဆံရေး ပိုမိုကောင်းမွန်လာခဲ့ကြောင်း သိရပါတယ်။ အီရန်နိုင်ငံပိုင်သတင်းဌာနဖြစ်တဲ့ IRIB က " Sukhoi-35 တိုက်လေယာဉ်တွေကို အီရန်ဘက်က လက်ခံရရှိမှာ ဖြစ်တယ်။ အီရန်ဟာ ရုရှားနဲ့ Sukhoi-35 တိုက်လေယာဉ်တွေ ဝယ်ယူဖို့ စာချုပ်လက်မှတ်ရေးထိုးခဲ့တယ်" လို့ပြောပါတယ်။
ရုရှားနဲ့ အီရန်တို့ဟာ Sukhoi-35 တိုက်လေယာဉ်အရောင်းအဝယ်ကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်ချက်ပြု ပြောဆိုခြင်းမရှိသလို အသေးစိတ်အခြေအနေများကို ဖော်ပြခြင်းမရှိသေးကြောင်း သိရပါတယ်။ ရုရှားသမ္မတ ပူတင် ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ အီရန် အမြင့်ဆုံးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အယာတိုလာခါမေနီနဲ့ တွေ့ဆုံဆွေးနွေးခဲ့ ပြီး အနောက်အုပ်စုရဲ့ပိတ်ဆို့မှုများ ရင်ဆိုင်နေရတဲ့ နှစ်နိုင်ငံကြား ပိုမိုနီးစပ်လာခဲ့ကြောင်း သိရပါတယ်။
အထူးသဖြင့် ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားနဲ့ အီရန်တို့ဟာ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုရဲ့ ဖိအားတွေကိုရင်ဆိုင်ရင်း ပိုမိုနီးစပ်လာခဲ့ကြောင်း သိရပါတယ်။ အနောက်အုပ်စုနိုင်ငံတွေဟာ ရုရှားဟာ ယူကရိန်း စစ်ပွဲအတွင်း အီရန်နိုင်ငံထုတ် ဒရုန်းများ အသုံးပြုခဲ့တယ်လို့ စွပ်စွဲဝေဖန်ခဲ့ပေမယ့် ရုရှားဘက်ကတော့ ငြင်းဆန် ထားကြောင်း သိရပါတယ်။
အီရန်ဟာ ၎င်းတို့လေကြောင်းပိုင်နက်မှာ အသုံးပြုဖို့ ပြည်တွင်းထုတ် Kowsar တိုက်လေယာဉ်ကို ၂ဝ၁၈ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပေမယ့်လည်း စစ်ရေးကျွမ်းကျင်သူများကတော့ Kowsar တိုက်လေယာဉ်တွေဟာ ၁၉၆ဝ ခုနှစ်က အမေရိကန်နိုင်ငံထုတ် F-5 အမျိုးအစား တိုက်လေယာဉ်တွေကို ပုံတူ ကူးချအသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံသား ၄ဝ ကျော် အပါအဝင် နိုင်ငံခြားအကျဉ်းသား ၈၇ ဦးကို ထိန်းသိမ်းရေးစခန်းနေရာ လွှဲပြောင်းခဲ့ကြောင်း အိန္ဒိယအာဏာပိုင်ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ