မြန်မာနိုင်ငံသား ၄ဝ ကျော် အပါအဝင် နိုင်ငံခြားအကျဉ်းသား ၈၇ ဦးကို ထိန်းသိမ်းရေးစခန်းနေရာ လွှဲပြောင်းခဲ့ကြောင်း အိန္ဒိယအာဏာပိုင်ပြော
ဂျန်ဇက် (NP News) - မတ် ၁၂
အိန္ဒိယအာဏာပိုင်တွေဟာ မတ်လ ၁၁ ရက်နေ့က အာသံပြည်နယ် Silchar ဗဟိုအကျဉ်းထောင်မှ နိုင်ငံခြားသား ၈၇ ဦးကို Goalpara ဒေသရှိ Transit Camp ကို လွှဲပြောင်းပို့ဆောင်ခဲ့ရာ မြန်မာနိုင်ငံသား ၄၃ ဦး ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
Gauhati တရားရုံးချုပ်ကအမိန့်ကို လက်ခံရရှိခဲ့ပြီးနောက် အိန္ဒိယနိုင်ငံအတွင်းကို တရားမဝင်ဝင်ရောက်ဖို့ ကြိုးပမ်း တဲ့ နိုင်ငံခြားသား ၈၇ ဦးကို Transit Camp ကို လွှဲပြောင်းပေးပို့ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ လွှဲပြောင်း ပို့ဆောင်ခဲ့သူအကျဉ်းသား ၈၇ ဦးထဲမှာ မြန်မာနိုင်ငံသား ၄၃ ဦး၊ ဘင်္ဂလားဒေရှ့်နိုင်ငံသား ၂၂ ဦး၊ ဆီနီဂေါ နိုင်ငံသား တစ်ဦး နဲ့ ကလေးငယ် ၂၂ ဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။
Transit Camp ဟာ အသစ်တည်ဆောက်ထားတဲ့ အဆောက်အဦးဖြစ်ပြီး အကျဉ်းသားတွေကို လွှဲပြောင်းပို့ဆောင် ပေးနေခြင်းဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း အကျဉ်းသား ၆၈ ဦးကို Goalpara ဒေသရှိ အကြီးမားဆုံး ထိန်းသိမ်းရေးစခန်းဖြစ်တဲ့ Transit Camp ကို လွှဲပြောင်းပေးပို့ခဲ့တယ်လို့ သိရပါတယ်။
Transit Camp ကို Matia အရပ်ဒေသရှိ စတုရန်းပေ ၂၈၈ဝဝ မှာ တည်ဆောက်ထားခြင်းဖြစ်ပြီး အိန္ဒိယရူပီး ၄၆ ဒသမ ၅၁ ကုဋေ အကုန်ခံကာတည်ဆောက်ထားခြင်းဖြစ်တယ်လို့ သိရပါတယ်။ အိန္ဒိယအစိုးရတာဝန်ရှိသူတစ်ဦး က Transit Camp အဆောက်အဦးဟာ အကျဉ်းသားပေါင်း ၃ဝဝဝ ကျော် ထားရှိနိုင်ကြောင်း ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံနဲ့ စစ်ရေးပဋိပက္ခတိုက်ရိုက်ဖြစ်ပွားလာမယ်ဆိုရင် အမေရိကန်တို့ အနိုင်ရမှာ မဟုတ်ကြောင်း အမေရိကန်ဗိုလ်ချုပ်ကြီးဟောင်း ထုတ်ဖော်ပြောဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ