ဟားမက်စ်အုပ်စု ထိပ်သီးခေါင်းဆောင်တွေကို သုတ်သင်ရှင်းလင်းမယ်လို့ အစ္စရေးပြည်တွင်းလုံခြုံရေးအဖွဲ့ပြော
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၅
အစ္စရေးလုံခြုံရေးအဖွဲ့တွေဟာ ဂါဇာဒေသအပြင်ဘက်မှာ နေထိုင်နေတဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေကို လိုက်လံသုတ်သင်ရှင်းလင်းသွားမယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။
အစ္စရေးပြည်တွင်းလုံခြုံရေးအဖွဲ့ခေါင်းဆောင်က ကမ္ဘာတဝန်းမှာ နေထိုင်နေတဲ့ ဟားမက်စ်လက်နက်ကိုင်အုပ်စုတွေကို သုတ်သင်နိုင်ဖို့ အချိန်ယူသွားရမှာဖြစ်ကြောင်း ပြောပါတယ်။
ဟားမက်စ်လက်နက်ကိုင်အုပ်စုခေါင်းဆောင်အများစုဟာ တူရကီ၊ လက်ဘနွန်၊ ကာတာနိုင်ငံတို့မှာ အဓိကထား နေထိုင်နေပြီး၊ အခြားနိုင်ငံတွေမှာလည်း နေထိုင်လျက်ရှိနေကြောင်း၊ အဲဒီသူတွေကို လိုက်လံသုတ်သင်ရှင်းလင်း သွားမှာဖြစ်ကြောင်း အစ္စရေးလုံခြုံရေးအဖွဲ့ခေါင်းဆောင်ဖြစ်သူ ဘားက ပြောပါတယ်။
၎င်းက "အစိုးရအဖွဲ့ဟာ ရည်မှန်းချက်တွေ ရှိနေပါတယ်။ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို အပြီးသတ်သုတ်သင် ရှင်းလင်းဖို့ပါ" လို့ ပြောပါတယ်။ အစ္စရေးဟာ အောက်တိုဘာ ၇ ရက်မှာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ရဲ့ ရုတ်တရက်တိုက်ခိုက်ခံရပြီးနောက် လက်တုံ့ပြန်တိုက်ခိုက်ခဲ့ရာ အစ္စရေးနဲ့ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲဖြစ်ပွားနေပါတယ်။
အစ္စရေးဟာ ဂါဇာဒေသကို တိုက်ခိုက်နေချိန်အတွင်း ဟားမက်စ်လက်နက်ကိုင်အုပ်စုတွေကို အမြစ်ပြတ်ချေမှုန်းဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။ အစ္စရေးပြည်တွင်းလုံခြုံရေးအဖွဲ့ခေါင်းဆောင်က "ကျွန်တော်တို့ ဘယ်နေရာ မှာပဲဖြစ်ဖြစ် ဟားမက်စ်ခေါင်းဆောင်တွေကို သုတ်သင်ဖို့ လုပ်ဆောင်သွားမယ်။ ကာတာ၊ လက်ဘနွန်၊ တူရကီ နဲ့ အနောက်ဘက်ကမ်းခြေ အစရှိတဲ့ ကမ္ဘာဘယ်နေရာမှာပဲဖြစ်ဖြစ် ဟားမက်စ်ခေါင်းဆောင်တွေကို သုတ်သင်သွား မယ်။ အချိန်ယူတော့ လုပ်ဆောင်ရဖွယ်ရှိပါတယ်" လို့ ပြောပါတယ်။
အစ္စရေးပြည်တွင်းလုံခြုံရေးအဖွဲ့ ရှင်းဘတ်အုပ်စုဟာ ဟားမက်စ်ခေါင်းဆောင်တွေကို သုတ်သင်မယ့် အစီအစဉ်နဲ့ပတ်သက်ပြီး အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိသေးကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လက်နက်ကိုင်များအနေဖြင့် မြေစာပင်ဖြစ်နေသော ပြည်သူကို ကိုယ်ချင်းစာရန်နှင့် ဆက်လက်မိုက်တွင်းမနက်ဘဲ နိုင်ငံရေးနည်းလမ်းအရဖြေရှင်းရန် တပ်ချုပ်ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ