မြိတ်မြို့ရှိ သီတဂူဇီဝိတဒါနစက္ခုဒါနဆေးရုံ၌ ဒုတိယအကြိမ်အဖြစ် မျက်စိရောဂါဝေဒနာရှင် (၁၅ဝဝ)ကို အခမဲ့ စမ်းသပ်ခွဲစိတ်ကုသပေးမည်
စော (NSS) - ဒီဇင်ဘာ ၄
တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ သီတဂူဇီဝိတဒါနစက္ခုဒါနဆေးရုံ၌ ဒုတိယအကြိမ်အဖြစ် မျက်စိရောဂါဝေဒနာရှင် ၁၅ဝဝ ကို အခမဲ့ စမ်းသပ်ခွဲစိတ်ကုသပေးမည်ဖြစ်ကြောင်း သီတဂူဇီဝိတဒါန စက္ခုဒါနဆေးရုံ(မြိတ်မြို့)ထံမှ သိရသည်။
အဆိုပါစမ်းသပ်ခွဲစိတ်ကုသခြင်းကို သီတဂူဇီဝိတဒါန စက္ခုဒါနဆေးရုံ၊ ပြင်ပလူနာဌာနတွင် လာမည့် ဒီဇင်ဘာလ ၂၃ ရက်မှစတင်၍ စမ်းသပ်စစ်ဆေးသွားမည်ဖြစ်ပြီး ယနေ့(ဒီဇင်ဘာလ ၄ ရက်)တွင် စာရင်းကြိုတင်ကောက်ခံနေပြီဖြစ်ကြောင်း သိရသည်။
“မြိတ်မြို့မှာ နှစ်ကြိမ်မြောက်ပါ။ အခုတစ်ခေါက်ကတော့ မျက်စိဝေသနာရှင် (၁၅၀၀)ကန့်သတ်ထားပါတယ်။ ဒီနေ့ကစပြီး လက်ခံနေပါတယ်။ အမည်၊ အသက်၊ နေရပ်လိပ်စာ၊ မှတ်ပုံတင်နံပါတ်၊ ဖုန်းနံပါတ်လိုပါတယ်။ ဘယ်နေ့ဘယ်ရက် လာရမယ်ဆိုတာကို ဖုန်းဆက်အကြောင်းကြားပါမယ်”ဟု အဆိုပါ ဆေးရုံ၏ ကျန်းမာရေးမှူး ဦးသောင်းထိုက်က NSS ကိုပြောသည်။
မြိတ်မြို့ရှိ သီတဂူဇီဝိတဒါနစက္ခုဒါနဆေးရုံ၌ ပထမအကြိမ်အဖြစ် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ရက်မှ စတင်၍ အခမဲ့စမ်းသပ်စစ်ဆေးပေးခဲ့ရာ မျက်စိဝေဒနာရှင် (၂၀၀၀)ကျော် လာရောက်ကုသခဲ့ကြောင်း သိရသည်။
အသေးစိတ်သိရှိလိုပါက သီတဂူဇီဝိတဒါနစက္ခုဒါနဆေးရုံ၏ ဖုန်း-၀၅၉၂၀၄၃၇၀၂ နှင့် ဦးသောင်းထိုက်(ဆေးမှူး)၏ ဖုန်း-၀၉၈၈၈၈၆၈၃၈၀ သို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မုန်းမြို့ရှိ တပ်မတော်လုံခြုံရေးစခန်းများ သိမ်းပိုက်ခံရခြင်းမရှိကြောင်းနှင့် တိုက်ပွဲပြင်းထန်နေဆဲသာဖြစ်ကြောင်း နစကဆို
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ