မုန်းမြို့ရှိ တပ်မတော်လုံခြုံရေးစခန်းများ သိမ်းပိုက်ခံရခြင်းမရှိကြောင်းနှင့် တိုက်ပွဲပြင်းထန်နေဆဲသာဖြစ်ကြောင်း နစကဆို
မြူနစ် (NSS) - ဒီဇင်ဘာ ၄
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ တပ်မတော်လုံခြုံရေးစခန်းများ သိမ်းပိုက်ခံရခြင်းမရှိသေးကြောင်းနှင့် တိုက်ပွဲပြင်းထန်နေဆဲသာဖြစ်ကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
KNU၊ PDF ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂ ရက်ညပိုင်းမှစတင်ကာ မုန်းမြို့ရှိ ရဲစခန်း၊ ခမရ(၅၉၉)၊ ခမရ (၅၉ဝ)စခန်း အပါအဝင် အခြားလုံခြုံရေးစခန်းများကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
ယနေ့(ဒီဇင်ဘာ ၄ ရက်) ညနေပိုင်းတွင် မုန်းမြို့ရှိ တပ်စခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေသည်ဟု KNU ဘက်က ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
ထိုသို့ထုတ်ပြန်ထားမှုနှင့်ပတ်သက်၍ NP News က ယနေ့ ညနေပိုင်းတွင် နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းအား မေးမြန်းရာတွင် ၎င်းက အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
“အဲဒီမှာ တပ်ရင်း(၂)ရင်းရှိတယ်။ခမရ (၅၉၉)ရော၊ ခမရ (၅၉ဝ)နားလေးမှာ သူတို့တွေ မနေ့က အတိုင်း ကပ်နေတာပေါ့။ လုပ်နေတာရှိတယ်။ ဒီကနေ ပြန်ပြီးတော့ တိုက်ခိုက်ခဲ့တာရှိတယ်။ ပြန်ထွက်သွားတယ်။ ဒီနေ့မနက်မှာ ပြန်ဝင်လာတယ်။ နှစ်ကြိမ်၊ သုံးကြိမ်လောက် ပြန်ဝင်လာတယ်။ ပြန်တိုက်ခိုက်ခဲ့တာရှိတယ်။ ဒီနေ့ ညနေအထိကတော့ တိုက်ခိုက်နေဆဲပဲ ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
လက်ရှိအချိန်အထိ မုန်းမြို့သည် KNU၊ PDF ပူးပေါင်းအဖွဲ့၏ သိမ်းပိုက်ခြင်းကို ခံရခြင်းမရှိကြောင်းလည်း ၎င်းက ထပ်မံအတည်ပြုပြောကြားခဲ့သည်။
“အရင်တုန်းကလည်း လွန်ခဲ့တဲ့ ၂ဝဝ၈-၂ဝဝ၉ ခုနှစ်လောက်မှာ တစ်ကြိမ် အဲဒီတပ်ရင်းကို လုပ်ခဲ့ဖူးတယ်။ အဲဒီရဲ့ရှေ့မှာလည်း ၂ဝဝ၁-၂ဝဝ၂ လောက်မှာ တစ်ကြိမ်လုပ်ခဲ့ဖူးတယ်။ သူတို့ အောင်မြင်မှု မရှိပါဘူး။ တစ်ချို့နေရာတွေကတော့ တပ်ရင်းထဲအထိတော့ ဝင်လာနိုင်တာပေါ့ ပြီးတော့ ပြန်လန်သွားတာပါပဲ။ အခုလည်း ဒီလိုပါပဲ” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ယမန်နေ့(ဒီဇင်ဘာ ၃ ရက်)တွင် မုန်းမြို့ရှိ မြို့မရဲစခန်းကို လုံခြုံရေးအခြေအနေအရ နောက်ဆုတ်ပေးခဲ့ကြောင်း နစက ဘက်က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒီဇင်ဘာလ ၄ ရက်အတွင်းဖြစ်ပွားခဲ့သည့် ပြည်တွင်းနှင့် ပြည်ပက သတင်းများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ