မြန်မာနိုင်ငံတွင်းမှ ကယ်ထုတ်နိုင်ခဲ့သော ထိုင်းနိုင်ငံသား(၈၃)ဦး ဒီဇင်ဘာလ(၄)ရက်တွင် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့
Pika (NSS) - ဒီဇင်ဘာ ၄
မြန်မာနိုင်ငံ လောက်ကိုင်မြို့တွင် ယခင်က ပိတ်မိနေသော အခြားထိုင်းနိုင်ငံသား(၈၃)ဦးကို အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ပြီးနောက် ဒီဇင်ဘာလ(၄)ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံမှတစ်ဆင့် လေယာဉ်ဖြင့် ပြန်ရောက်လာခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အဆိုပါ ထိုင်းနိုင်ငံသား(၈၃)ဦးစလုံးကို မြန်မာနိုင်ငံ လောက်ကိုင်မြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဘေးကင်းစွာ ရွှေ့ပြောင်းကယ်ထုတ်နိုင်ခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ထိုင်းအစိုးရသည် အဆိုပါ ထိုင်းနိုင်ငံသား(၈၃)ဦးကို ပြန်လည်ခေါ်ယူနိုင်ရန်အတွက် Lion Air လေကြောင်းလိုင်းမှ လေယာဉ်ကို ငှားပေးခဲ့ပြီး Don Mueang အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဒီဇင်ဘာလ(၄)ရက် နံနက်(၁)နာရီ (၄ဝ)မိနစ်တွင် ဆင်းသက်ခဲ့ကြောင်း သိရသည်။
ထို့နောက် လေဆိပ်တွင်လူဝင်မှုကြီးကြပ်ရေးဌာနကို ဖြတ်သန်းပြီးနောက် ၎င်းတို့အားလုံးကို National Referral Mechanism (NRM)လုပ်ငန်းစဉ်အရ စစ်ဆေးမှုများလုပ်ဆောင်ရန် အခြားနေရာတစ်ခုသို့ခေါ်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
၎င်းတို့အားလုံးကို စစ်ဆေးမှုများလုပ်ဆောင်ပြီးမှသာ လူကုန်ကူးခံခဲ့ရသူများနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ တွင် ပါဝင်ပတ်သက်နေသူများကို ဖော်ထုတ်နိုင်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်မံပြောဆိုခဲ့ သည်။ ပြည်ပနိုင်ငံများတွင် ဒုက္ခရောက်နေသော ထိုင်းနိုင်ငံသားအားလုံးကို ကူညီရန်ကြိုးပမ်းခဲ့သည့် သက်ဆိုင်ရာ လူအားလုံးကို ကျေးဇူးတင်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ထို့အပြင် လောက်ကိုင်မြို့တွင် ပိတ်မိနေနိုင်ဖွယ်ရှိနေသေးသော ထိုင်းနိုင်ငံသားများကို ကူညီရန်အတွက် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ထိုင်းသံရုံးက စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆိုင်ကလုန်းမုန်တိုင်း "မိကျောင်း"၏ သက်ရောက်မှုကြောင့် တိုင်းနှင့်ပြည်နယ်အချို့တွင် ဒီဇင်ဘာလ (၁၀)ရက်အထိ မိုးထစ်ချုန်းရွာသွန်းနိုင်ဟုဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ