အင်ဒိုနီးရှားနိုင်ငံမှာ မီးတောင်ပေါက်ကွဲမှုကြောင့် တောင်တက်သမား အနည်းဆုံး ၁၁ ဦးသေဆုံး
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၄
အင်ဒိုနီးရှားနိုင်ငံ ဆူမတ်တြားပြည်နယ်အနောက်ပိုင်းရှိ မာရာပီ မီးတောင်မှာ ဒီဇင်ဘာလ ၄ ရက်ကပေါက်ကွဲမှုတွေဖြစ်လာခဲ့ခြင်းကြောင့် တောင်တက်သမား ၁၁ ဦးသေဆုံးသွားခဲ့ကြောင်းသိရပါတယ်။
မီးတောင်ပေါက်ကွဲမှုဖြစ်ပွားချိန်အတွင်း တောင်တက်သမား ၇၅ ဦးခန့် တောင်နားမှာရှိနေခဲ့ကြောင်း၊ မီးတောင်ပေါက်ကွဲမှုကြောင့် တောင်တက်သမား ၁၂ ဦးပျောက်ဆုံးနေကြောင်း အင်ဒိုနီးရှားသတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။ မီးတောင်ပေါက်ကွဲမှုများကြောင့်ချော်ရည်များထွက်ပေါ်နေတဲ့အတွက် ပျောက်ဆုံးနေတဲ့ တောင်တက်သမား ၁၂ ဦးကို ရှာဖွေကယ်တင်မယ့် လုပ်ငန်းတွေ ရပ်တန့်ရဖွယ်ရှိနေကြောင်း သိရပါတယ်။ မီးတောင်ပေါက်ကွဲမှုကြောင့် မီးတောင်ပြာများဟာ အမြင့်ပေ ၁ သောင်းနီးပါးအထိမြင့်တက်ရောက်ရှိခဲ့ကြောင်းသိရပါတယ်။
အင်ဒိုနီးရှားအာဏာပိုင်တွေဟာ မီးတောင်ပေါက်ကွဲပြီးနောက် ရှာဖွေကယ်တင်မှုများလုပ်ဆောင်ခဲ့ရာ ကျန်ရှိတဲ့ တောင်တက်သမား ၅၀ ကျော်ကို ကယ်တင်ထားနိုင်ခဲ့ကြောင်း အင်ဒိုနိးရှားအခြေစိုက်မီဒီယာတွေကဖော်ပြထားပါတယ်။
အင်ဒိုနီးရှားအာဏာပိုင်များဟာ လက်ရှိအချိန်မှာ မီးတောင်ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဒုတိယအမြင့်ဆုံးသတိပေးချက်တွေကို ထုတ်ပြန်ထားရကြောင်းသိရပါတယ်။ မီးတောင်ပြာတွေဟာ အနီးပတ်ဝန်းကျင်ရှိရွာတွေနားကို ကျရောက်ခဲ့ပြီး ရွာတွေကို ဖုံးလွမ်းခဲ့ကြောင်း၊ ရွာတွေဟာ မီးတောင်ပြာတွေကြောင့် နေရဲ့အလင်းရောင်ကိုကောင်းစွာမတွေ့မြင်ရတော့ကြောင်း အင်ဒိုနီးရှားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ Abdul Muhari ကပြောပါတယ်။ အာဏာပိုင်တွေဟာ မီးတောင်ပတ် ဝန်းကျင်ရှိ ကျေးရွာတွေကို masks တွေဖြန့်ဝေထားသလို မီးတောင်ပြာတွေကို ကာကွယ်ဖို့ မျက်မှန်တွေ ဝတ်ဆင်ထားဖို့ တိုက်တွန်းအကြံပေးထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပင်လယ်နီဒေသမှာ အစ္စရေးပိုင်သင်္ဘောနှစ်စီးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့ပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ