ပင်လယ်နီဒေသမှာ အစ္စရေးပိုင်သင်္ဘောနှစ်စီးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့ပြော
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၄
ဟူသီလက်နက်ကိုင်အဖွဲ့ဟာ ၎င်းတို့ဟာ ပင်လယ်နီဒေသမှာ အစ္စရေးနိုင်ငံသားတွေနဲ့ဆက်နွယ်တဲ့ သင်္ဘောနှစ်စီးကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။
အမေရိကန်စစ်တပ်ကတော့ ပင်လယ်နီတောင်ပိုင်းရှိ နိုင်ငံတကာရေပိုင်နက်ထဲမှာ ကုန်စည်သင်္ဘော သုံးစင်း တိုက်ခိုက်ခံရကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံရဲ့ဖျက်သင်္ဘောဖြစ်တဲ့ The Carney ဟာ ဟူသီလက်နက်ကိုင်အဖွဲ့က ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တွေ၊ ဒရုန်းတွေကို ပစ်ချပြီး ကုန်စည်သင်္ဘောတွေ ဘေးကင်းစေဖို့ ကူညီပေးခဲ့ကြောင်း သိရပါတယ်။
ဟူသီလက်နက်ကိုင်အဖွဲ့ကတော့ ၎င်းတို့ဟာ အစ္စရေးနိုင်ငံသားပိုင်သင်္ဘောတွေဖြစ်တဲ့ Unity Explorer သင်္ဘောနဲ့ Number 9 အမည်ရှိ သင်္ဘောတွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ခတ်ခဲ့ကြောင်း ဆိုပါတယ်။
ဟူသီလက်နက်ကိုင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ၎င်းတို့ဟာ သတိပေးချက်တွေကိုလက်မခံတဲ့ သင်္ဘောနှစ်စီးကို တိုက်ခိုက်ခဲ့ကြောင်း ပြောပါတယ်။ ဟူသီလက်နက်ကိုင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပါလက်စတိုင်းပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းပြသဖို့၊ အာရပ်နိုင်ငံတွေရဲ့တောင်းဆိုချက်တွေနဲ့ ယီမင်ပြည်သူတွေ တောင်းဆိုချက်တွေကြောင့် တုံ့ပြန်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ပြောပါတယ်။
အမေရိကန်စစ်တပ်ကတော့ "အမေရိကန်အစိုးရကတော့ ပင်လယ်နီအတွင်း တိုက်ခိုက်မှုတွေအားလုံးဟာ ဟူသီလက်နက်ကိုင်အဖွဲ့နဲ့ဆက်နွယ်နေတယ်။ ကျွန်တော်တို့ဟာ မဟာမိတ်နိုင်ငံတွေ၊ မိတ်ဖက်နိုင်ငံတွေနဲ့ပူးပေါင်းပြီး သင်လျော်တဲ့တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမယ်" လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်မှုထမ်းရန် ဆန္ဒပြုသော သာမန်ပြစ်မှုကျူးလွန်သည့် စစ်ပြေးများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးမည်ဟု နစကကြေညာ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း