ရေပိုက်စနစ်ကြောင့် ၆ လလောက် အိမ်သာရေ သောက်ခဲ့ရတဲ့ တရုတ်ဇနီးမောင်နှံ
ရောင်နီ (NSS) - ဒီဇင်ဘာ ၄
တရုတ်စုံတွဲတစ်တွဲဟာ အိမ်ငှားခစျေးကြီးလွန်းတဲ့ ပေကျင်းမြို့ရဲ့တိုက်ခန်းတစ်ခုကို ယွမ် ၁ဝဝဝဝ (ဒေါ်လာ ၁၄၁၁) နဲ့ ပြီးခဲ့တဲ့ မေလက ငှားရမ်းနေထိုင်ခဲ့ပါတယ်။
မစ္စတာတန်လို့ အမည်ရတဲ့ အမျိုးသားနဲ့ ၎င်းရဲ့ချစ်သူဟာ သောက်သုံးရေအတွက်ဝယ်ယူဖို့ စျေးကြီးတာကြောင့် ရေပိုက်ကလာတဲ့ ရေကိုသာ သုံးရေ၊ သောက်ရေအဖြစ် အသုံးပြုခဲ့တာပါ။ ဒီလိုနဲ့ တိုက်ခန်းမှာ နေထိုင်ရင်း ၆ လကြာတဲ့အခါမှာ တန်ဟာ ဆံပင်ကျွတ်ခြင်း၊ ဝက်ခြံထွက်ခြင်းတို့ ခံစားလာရသလို သူ့ရဲ့ချစ်သူဟာလည်း ရင်ဘတ်အောင့်ခြင်း၊ ဆက်တိုက် ချောင်းဆိုးခြင်းတို့ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။
၆ လအကြာ ၎င်းတို့ဆီ ပုံမှန်လာနေကြ ရေမီတာဘေ မလာတော့ဘဲ ရေပိုက်ရေကတော့ ဆက်လာနေတာကြောင့် ရေပိုက်ကျွမ်းကျင်သူတွေကို ခေါ်ယူစစ်ဆေးခိုင်းခဲ့ရပါတယ်။ အဲဒီအခါမှ ၎င်းတို့ဟာ ဘေစင်ရေနဲ့ အိမ်သာရေကိုသန့်စင်ကာ အိမ်သာရေဆွဲချရာမှာ ပြန်အသုံးပြုဖို့ ဖန်တီးထားတဲ့ အပိုပိုက်မှ ရေတွေကို အသုံးပြုနေတာဖြစ်တယ်ဆိုတာ သိလိုက်ရပါတယ်။
အဲဒီရေဟာ အိမ်သာရေ ဆွဲချဖို့အတွက်သာ သန့်စင်ထားတာဖြစ်ပြီး သောက်သုံးဖို့ မသင့်တော်ပါဘူး။ ဒီအကြောင်းအရာကိုသိရတဲ့အခါ ၎င်းတို့စုံတွဲလည်း ရှော့ခ်ရသွားခဲ့ပါတယ်။
အခုအချိန်မှာတော့ သူတို့စုံတွဲဟာ ရောဂါလက္ခဏာတွေအတွက် ဆေးကုသနေရပြီဖြစ်တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မုန်းမြို့တိုက်ပွဲအခြေအနေ၊ ကောလင်းပြည်သူတွေအတွက် စိတ်ပူတယ်၊ လွိုင်ကော်နဲ့ လောက်ကိုင်အခြေအနေ၊ ရုရှားအကြီးအကဲတွေ မြန်မာပြည်လာဖို့ရှိတယ်လို့ သတင်းထွက်(၃-၁၂-၂ဝ၂၃)
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း