ကျဆုံးခဲ့သော စစ်သည်များအတွက် ဒဿမအကြိမ်မြောက် ဂါရဝပြုဆုတောင်းပွဲ နှင့် အလေးပြုခြင်းအခမ်းအနား နေပြည်တော်၌ ပြုလုပ်
မြူနစ် (NSS) - ဒီဇင်ဘာ ၃
ကျဆုံးခဲ့သောစစ်သည်များအတွက် ဒဿမကြိမ်မြောက် အောက်မေ့ဖွယ်ဂါရဝပြုဆုတောင်းပွဲ နှင့် အလေးပြုခြင်း အခမ်းအနားကို နေပြည်တော်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို ယနေ့(ဒီဇင်ဘာ ၃ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိ မြို့နယ်ရှိ သူရဲကောင်းဗိမာန်(နေပြည်တော်)၌ ကျင်းပခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် တိုင်းပြည်တာဝန် ထမ်းဆောင်စဉ် အသက်ပေးကျဆုံးသွားခဲ့သော ခေတ်အဆက်ဆက်မှ ကျဆုံးစစ်သည်များအား အောက်မေ့ဖွယ် ဂါရဝပြု ဆုတောင်းခြင်း နှင့် အလေးပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းအခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်၊ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးမင်းဦးနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးစိန် ဝင်း(အငြိမ်းစား) နှင့် တပ်မတော်အား ချစ်မြတ်နိုးသူများ တက်ရောက်ခဲ့သည်။
ထို့ပြင် အခမ်းအနား၌ တိုင်းပြည်အတွက် အသက်ပေးလှူခဲ့သော သူရဲကောင်းစစ်သည်များအား ရည်စူး၍ ဝမ်းနည်း ခြင်းအထိမ်းအမှတ် (၂)မိနစ်ငြိမ်သက်ခြင်း၊ ကောင်းမွန်ရာဘုံဘဝရောက်ရှိစေရန် မိုးပျံပူဖောင်းများ လွှတ်တင်ခြင်း၊ ထာဝရငြိမ်းချမ်း ရေးရရှိစေရန်ရည်မှန်း၍ ချိုးဖြူငှက်များ လွှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျဆုံးစစ်သည်များအား ရည်စူး၍ သံဃာတော်များကို အရုတ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းကာ ရေစက်ချအမျှ ဝေးခြင်းတို့ကို ပုဗ္ဗသီရိမြို့နယ်ရှိ သဒ္ဓါရုံကျောင်းတိုက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် နိုင်ငံအတွင်း၌ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိ ပြီး နှစ်ဖက်ကြားတွင်လည်း ထိခိုက်ကျဆုံးမှုများ ရှိနေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-မန္တလေး၊ မန္တလေး-ရန်ကုန် ပြေးဆွဲနေသည့် ရထားခရီးစဉ်အချိန်များကို ပြောင်းလဲသတ်မှတ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ