ဟစ်ဘိုလာအုပ်စုကြောင့် လက်ဘနွန်နိုင်ငံ ထိခိုက်ပျက်စီးရဖွယ်ရှိနေကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု ထပ်မံသတိပေး
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၃
ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ရဲ့တိုက်ခိုက်မှုတွေ လက်ရှိထက် ပိုမိုအရှိန်မြင့်တက်လာမယ်ဆိုရင်တော့ လက် ဘနွန်နိုင်ငံ တိုက်ခိုက်ဖျက်ဆီးခံရမှုတွေနဲ့ ရင်ဆိုင်ရဖွယ်ရှိနေကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ထုတ်ဖော်သတိပေးလိုက်ပါတယ်။
အီရန်နိုင်ငံရဲ့အထောက်ပံ့တွေ ရရှိထားတဲ့ ဟစ်ဘိုလာအုပ်စုတွေဟာ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းကတည်းက အစ္စရေးနိုင်ငံကို ပစ်မှတ်ထားတိုက်ခိုက်နေခဲ့ကြောင်း သိရပါတယ်။
အစ္စရေးဝန်ကြီးချုပ်က "ကျွန်တော်တို့ဟာ အစ္စရေးနိုင်ငံကို တိုက်ခိုက်နေတဲ့ ဟစ်ဘိုလာအုပ်စုရဲ့ကြိုးပမ်းမှုအားလုံး ကို တားဆီးဟန့်တားနိုင်ဖို့ နိုင်ငံမြောက်ပိုင်းမှာ လိုအပ်တာတွေ လုပ်ဆောင်နေရတယ်။ ကျွန်တော်တို့ဟာ နိုင်ငံမြောက်ပိုင်း နယ်စပ်ဒေသမှာ အကြမ်းဖက်မှုနဲ့ဆက်နွယ်တဲ့သူတွေကို သုတ်သင်ဖျက်ဆီးတယ်။ အဲဒီ အကြမ်းဖက်အုပ်စုတွေကို နယ်စပ်ဒေသအနားကို မရောက်လာနိုင်အောင် လုပ်ဆောင်ကြတယ်။ ဟစ်ဘိုလာ အပါအဝင် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့တွေရဲ့စစ်လက်နက်ပစ္စည်းတွေကို ဖျက်ဆီးပစ်တယ်။ ကျွန်တော်တို့ဟာ နိုင်ငံမြောက်ပိုင်း အခိုင်အမာကာကွယ်တာဆီးမှုတွေ လုပ်ဆောင်သလို တောင်ပိုင်းမှာလည်း နိုင်ပွဲအပြည့်အဝရယူ ဖို့ ကြိုးပမ်းနေတယ်။ ကျွန်တော်တို့ဟာ နိုင်ငံမြောက်ပိုင်းနဲ့ တောင်ပိုင်းမှာ လုံခြုံရေးအပြည့်အဝ ရယူထားတယ်။ ဟစ်ဘိုလာအုပ်စုဟာ အမှားယွင်းတွေလုပ်ဆောင်မယ်ဆိုရင်တော့ ကြီးမားကျယ်ပြန့်တဲ့စစ်ပွဲဖြစ်လာနိုင်ပြီး လက်ဘနွန်နိုင်ငံ ဖျက်ဆီးခံရဖွယ်ရှိနေပါတယ်" လို့ သတိပေးထားပါတယ်။
အစ္စရေးဟာ ဟစ်ဘိုလာလက်နက်ကိုင်အုပ်စုတွေရဲ့လက်တုံ့ပြန်တိုက်ခိုက်ခဲ့ပြီး အမြှောက်တွေနဲ့ပြန်လည် ပစ်ခတ်ခြင်း၊ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခြင်းတွေကို လုပ်ဆောင်နေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်ရှိ လုံခြုံရေးစခန်းတစ်ခုကို PDF အဖွဲ့က Drop ဗုံးဖြင့် လာရောက်ပစ်ခတ်မှုဖြစ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ