မုန်းမြို့အနီးရှိ လုံခြုံရေးစခန်းများကို KNU၊ PDF ပူးပေါင်းအဖွဲ့က လာရောက်တိုက်ခိုက်လျက်ရှိပြီး နှစ်ဖက်ကြား တိုက်ပွဲပြင်းထန်နေ
Pearl (NSS) - ဒီဇင်ဘာ ၃
မုန်းမြို့အနီးရှိ လုံခြုံရေးစခန်းများကို KNU၊ PDF ပူးပေါင်းအဖွဲ့က လာရောက်တိုက်ခိုက်လျက်ရှိပြီး နှစ်ဖက်ကြား တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
ယမန်နေ့ (ဒီဇင်ဘာ ၂ ရက်)၊ ည (၁ဝ)နာရီ ဝန်းကျင်ခန့်တွင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့အနီးရှိ လုံခြုံရေးစခန်းများကို KNU၊ PDF ပူးပေါင်းအဖွဲ့က လာရောက်တိုက်ခိုက်ခဲ့သည်။
မုန်းမြို့အနီးရှိ ခမရ (၅၉ဝ)၊ ခမရ (၅၉၉)၊ မုန်းမြို့ရဲစခန်းနှင့် မုန်းတံတားအနီးရှိ လုံခြုံရေးစခန်းများကို ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင်လည်း တပ်မတော်နှင့် KNU၊ PDF ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲပြင်းထန်လျက်ရှိသည်။
" ရဲစခန်း၊ ၅၉ဝ၊ ၅၉၉၊ တံတားနားကို မနေ့ညက တပြိုင်တည်း ဝင်တိုက်တာ။ ။ ၅၉ဝ ကို ဖိတိုက်တာ။ ၅၉၉ ကိုက အဲဒီလောက်မဟုတ်ဘူး။ ၅၉၉ကို သိမ်းနိုင်ပြီဆိုပြီးတင်နေတာတွေတွေ့တယ်။ ၅၉၉ ကို သူတို့ မတိုက်နိုင်ဘူး။ လက်ရှိ တစ်ခုမှ မသိမ်းနိုင်သေးဘူး" ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက NP News ကို ပြောသည်။
လက်ရှိတွင် အဆိုပါလုံခြုံရေးစခန်းများကို KNU၊ PDF ပူးပေါင်းအဖွဲ့အနေဖြင့် သိမ်းပိုက်ထားနိုင်သည့်အခြေအနေ မရှိသေးသော်လည်း အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်နေကြောင်း သိရသည်။
တပ်မတော်အနေဖြင့်လည်း ခြေလျင်တပ်များနှင့်အတူ လေကြောင်းပစ်ကူများကို အသုံးပြုကာ တန်ပြန်တိုက်ခိုက်နေလျက်ရှိကြောင်း လုံခြုံရေးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အလားတူ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နှင့်တစ်ဝိုက်ရှိ လုံခြုံရေးစခန်းများကိုလည်း ဒီဇင်ဘာလ ၁ ရက်မှစတင် ကာ KNU၊ PDF ပူးပေါင်းအဖွဲ့သည် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများပြင်းထန်လျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
PDF အဖွဲ့က ဆောက်လုပ်ဆဲ ထားဝယ်အကျဉ်းထောင်သစ်သို့ လာရောက်ကာ ဘက်ဟိုး(၂)စီးကို မီးရှို့ဖျက်ဆီးပြီးနောက် လူ(၂)ဦးကို ဖမ်းဆီးသွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ