စင်ကာပူမှာ အသက် ၁၃ နှစ်အရွယ် ကလေးငယ်ကို vape ရောင်းဖို့ ကြိုးစားနေတဲ့ ဆယ်ကျော်သက်တစ်ဦး ဖမ်းဆီးခံရ
ရောင်နီ (NSS) - ဒီဇင်ဘာ ၂
စင်ကာပူမှာ အသက် ၁၃ နှစ်အရွယ် ကလေးငယ်ကို E-vape ရောင်းချဖို့ကြိုးပမ်းခဲ့မှုနဲ့ အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦးကို ကျန်းမာရေးသိပ္ပံအာဏာပိုင်တွေက တနင်္လာနေ့ (နိုဝင်ဘာလ ၂၇ ရက်)မှာ ဖမ်းဆီးခဲ့ပါတယ်။
Toa Payoh ရှိ ကစားကွင်းတစ်ခုမှာ အသက် ၁၈ နှစ်အရွယ် vape ရောင်းချသူက ကလေးကို vape ဝယ်ဖို့ မြူဆွယ်နေတာကို အာဏာပိုင်တွေက တွေ့ခဲ့ပြီးနောက် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ၎င်းကို ဖမ်းဆီးပြီးနောက် HSA အရာရှိတွေက Toa Payoh ရှိ ၎င်းရဲ့ နေအိမ်ကို ရှာဖွေခဲ့ရာမှာလည်း ခန့်မှန်းခြေ တန်ဖိုး စင်ကာပူဒေါ်လာ ၁၅,၄၀၀ (အမေရိကန်ဒေါ်လာ ၁၁,၅၀၀) ရှိ vape နဲ့ ဆက်စပ်ပစ္စည်း ၇၀၀ ကျော်ကို တွေ့ရှိခဲ့ပါတယ်။
အဆိုပါပစ္စည်းတွေကို သိမ်းဆည်းပြီး ၎င်းကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ HSA ဟာ အများပြည်သူများ အထူးသဖြင့် လူငယ်များနဲ့ ကျောင်းသားများကို တားမြစ်ထားတဲ့ vape ရောင်းဝယ်ခြင်းစတဲ့ တရားမ၀င် လှုပ်ရှားမှုများ လုပ်ဆောင်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူဖို့ တွန့်ဆုတ်နေမှာ မဟုတ်ကြောင်း ပြောကြားထားပါတယ်။
vape နဲ့ ဆက်စပ်ပစ္စည်းများကို တင်သွင်းခြင်း၊ ဖြန့်ဖြူးခြင်း သို့မဟုတ် ရောင်းချခြင်းဟာ စင်ကာပူမှာ တရားမဝင်ပါဘူး၊ ပထမအကြိမ် ကျူးလွန်သူတွေကို ထောက်ဒဏ် ခြောက်လ(သို့) ဒဏ်ငွေ စင်ကာပူဒေါ်လာ ၁၀၀၀၀ (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ပြီး ထပ်ခါထပ်ခါ ကျူးလွန်သူတွေဟာ ပြစ်ဒဏ်နှစ်ဆ ခံရနိုင်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျွန်တော်တို့ နိုင်ငံရေး-စစ်ရေး ရေချိန် နှင့် အိမ်နီးချင်းတိုင်းပြည်၏ မိတ်ဆွေကောင်း ပီသမှု (ဆောင်းပါး)
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း