ပြင်းထန်လာသည့် ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးသူပေါင်း(၅)သိန်းကျော် ရှိနေကြောင်း UN Myanmar ထုတ်ပြန်
ယွန်း (NSS) - ဒီဇင်ဘာ ၂
ပြင်းထန်လာသည့် ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးသူဦးရေ (၅)သိန်းကျော်ရှိနေကြောင်း UN Myanmar က ထုတ်ပြန်ထားသည်။
UN Myanmar က ယမန်နေ့(ဒီဇင်ဘာလ ၁ ရက်)တွင် ထုတ်ပြန်သည့် အစီရင်ခံလွှာ၌ အထက်ပါကဲ့သို့ ထည့်သွင်းထုတ်ပြန်ထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာလ(၂၆)ရက်မှစတင်ပြီး ပဋိပက္ခများပြင်း ထန်လာခဲ့ရာ ယနေ့အထိ အိုးအိမ်စွန့်ခွာထွက်ပြေးရသူဦးရေ (၅)သိန်းကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့အတွက် စားနပ်ရိက္ခာ၊ အမိုးအကာ၊ ကျန်းမာရေးဝန်ဆောင်မှု နှင့် အရပ်သားဘေးကင်းလုံခြုံမှုစသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာများ လိုအပ်နေကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
UN Myanmar ၏ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်အရအောက်တိုဘာလ(၂၆)ရက်မှ နိုဝင်ဘာလ(၂၂) ရက်အထိ နေရပ်စွန့်ခွာသူ(၃၃၅၀၀၀)နီးပါးရှိခဲ့ကြောင်း သိရသည်။
အဆိုပါကာလအတွင်း ရှမ်းပြည်နယ် အပါအဝင် စစ်ကိုင်း၊ ကယား၊ ရခိုင်၊ ချင်း၊ မွန်၊ ကရင်၊ ပဲခူး နှင့် မန္တလေးတို့တွင် ပဋိပက္ခဖြစ်ပွားမှု အရှိန်မြင့်တက်လာခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ(၉)ရက်အထိ ကုလသမဂ္ဂ၏ နောက်ဆုံးကိန်းဂဏန်းများအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာ သူဦးရေ(၂)သန်းကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စင်ကာပူမှာ အသက် ၁၃ နှစ်အရွယ် ကလေးငယ်ကို vape ရောင်းဖို့ ကြိုးစားနေတဲ့ ဆယ်ကျော်သက်တစ်ဦး ဖမ်းဆီးခံရ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ