ဆီးရီးယားနိုင်ငံ ဒမ္မစကက်မြို့ကို အစ္စရေးတပ်ဖွဲ့ဝင်များ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၂
အစ္စရေးတပ်ဖွဲ့တွေဟာ ဒီဇင်ဘာလ ၁ ရက်က ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို တစ်ကျော့ပြန်တိုက်ခိုက်မှုနဲ့အတူ ဆီးရီးယားနိုင်ငံ ဒမ္မစကတ်မြို့အနီးကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဆီးရီးယား ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဆီးရီးယားကာကွယ်ရေးဝန်ကြီးဌာနက "ဒီဇင်ဘာလ ၁ ရက် နံနက် ၁ နာရီကျော်မှာ အစ္စရေးဟာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်။ ဒါပေမယ့် ကြီးမားတဲ့ထိခိုက်ပျက်စီးမှုမရှိခဲ့ဘူး"လို့ ပြောပါတယ်။
ဆီးရီးယားနိုင်ငံပိုင်မီဒီယာတွေကလည်း အစ္စရေးဟာ မြို့တော်ဒမ္မစကက်အနီးကို ကျူးကျော်တိုက်ခိုက်ခဲ့ကြောင်းပြောပါတယ်။ ဆီးရီးယားနိုင်ငံမှာ ပြည်တွင်းစတင်ခဲ့တဲ့ ၂၀၁၁ ခုနှစ်နောက်ပိုင်းကတည်းက အစ္စရေးစစ်တပ်ဟာ ဆီးရီးယားနိုင်ငံမြောက်ပိုင်းကို အကြိမ်ပေါင်း ရာနဲ့ချီပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ဖူးကြောင်းသိရပါတယ်။
အစ္စရေးနိုင်ငံဟာ ဟားမက်စ်အုပ်စုနဲ့ အောက်တိုဘာလအတွင်းစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ဆီးရီးယားနိုင်ငံအပြင် ဟစ်ဘိုလာအုပ်စုနဲ့ ဆီးရီးယားနိုင်ငံရှိ အီရန်ကျောထောက်နောက်ခံပေးထားတဲ့အဖွဲ့တွေကို မကြာခဏ လေကြောင်းမှ တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပါတယ်။
အစ္စရေးစစ်တပ်ကတော့ ဒမ္မစကက်မြို့အနီးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်တယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာမှတ်ချက်ပြု ပြောဆိုခြင်းမျိုးမရှိသေးပါဘူး။ ဆီးရီးယား လူ့အခွင့်ရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ရာမန်က အစ္စရေးဟာ ဒမ္မစကက်မြို့ တောင်ပိုင်း Sayyida Zeinab ရှိ ဟစ်ဘိုလာအုပ်စုတွေကိုပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ပြောပါတယ်။
အစ္စရေးနဲ့ဟားမက်စ်လက်နက်ကိုင်အုပ်စုကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အီရန်နိုင်ငံရဲ့အထောက်အပံ့ရရှိထားတဲ့ ဟစ်ဘိုလာအုပ်စု၊ အီရတ်လက်နက်ကိုင်အဖွဲ့၊ ဆီးရီးယားလက်နက်အုပ်စုတွေဟာ အစ္စရေးနိုင်ငံကို ရော့ကဒ်ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကားလမ်းဖြတ်ကူးနေသူအား ကားတစ်စီးမှဝင်တိုက်မိကာ မောင်းနှင်ထွက်ပြေးမှု ရန်ကုန်မြို့၌ ဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ