ကားလမ်းဖြတ်ကူးနေသူအား ကားတစ်စီးမှဝင်တိုက်မိကာ မောင်းနှင်ထွက်ပြေးမှု ရန်ကုန်မြို့၌ ဖြစ်ပွား
သန့်ဇင်(NSS) - ဒီဇင်ဘာ ၂
ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်တွင် ကားလမ်းဖြတ်ကူးနေသည့် အမျိုသားအား ကားတစ်စီးမှတိုက်မိကာ မောင်းနှင်ထွက်ပြေးသွားမှု ဖြစ်ပွားခဲ့ကြောင်း အနာဂတ် အလင်းတန်းပရဟိတအသင်းထံမှ သိရသည်။
ယမန်နေ့(ဒီဇင်ဘာလ ၁ ရက်)၊ ည ၈နာရီ ၅၅မိနစ်ခန့်က ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း နှင့် အင်းယားလမ်းဒေါင့်မီးပွိုင့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အတိုက်ခံရတဲ့လူက လှည်းတန်းဘက်ခြမ်းကနေ ကားလမ်းဖြတ်ကူးတာပါ။ သူက လှည်းတန်းမှာရှိတဲ့ သူငယ်ချင်းတွေဆီလာတာပါ။ အဲဒါ အိမ်ပြန်ဖို့လုပ်နေတဲ့အချိန် ဘယ်ကထွက်လာမှန်းမသိတဲ့ PASSO အဖြူရောင်ကားလေးက ဝင်တိုက်ပြီးမောင်းပြေးတာပေါ့” ဟု အနာဂတ် အလင်းတန်းပရဟိတအသင်းမှတာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ ကားတိုက်ခံရသည့် အမျိုးသားသည် တောင်ဒဂုံမြို့နယ်တွင်နေထိုင်သည့် အသက်(၃၅)နှစ်ဝန်းကျင်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး ကားတိုက်ခံရစဉ် ဦးခေါင်းထိခိုက်ဒဏ်ရာ နှင့် ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
“ကားအတိုက်ခံရတဲ့လူက နဖူးတည့်တည့်မှာ ကွဲသွားတယ်။ မေးစေ့လည်းကွဲတယ်။ နှာခေါင်းထဲကလည်း သွေးယိုတာတွေရှိတယ်။ သိပ်တော့ မစိုးရိမ်ရပါဘူး။ တိုက်သွားတဲ့ကားကိုလဲ သက်ဆိုင်ရာက စုံစမ်းနေတုန်းပါ”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာများရရှိခဲ့သည့် အမျိုးသားအား မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် အနာဂတ်အလင်းတန်း ပရဟိတ အသင်းမှ ရန်ကုန်မြို့ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်း ဆောင်ခရမ်ရေသင်္ကြန်ပွဲတော် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ဖြစ်ဖို့ အလားလာများနေပြီး အောင်ပွဲခံအခမ်းနားပြုလုပ်ဖို့ စီစဉ်နေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း