ဝေဟင်ရန်၊ ရေပြင်ရန် နှင့် ရေအောက်ရန် ကာကွယ်ရေးလေ့ကျင့်ခန်းများကို မြန်မာ-တရုတ်တပ်မတော်နှစ်ရပ် ပူးတွဲစစ်ရေးလေ့ကျင့်
မြူနစ် (NSS) - ဒီဇင်ဘာ ၂
ဝေဟင်ရန်၊ ရေပြင်ရန် နှင့် ရေအောက်ရန် ကာကွယ်ရေးလေ့ကျင့်ခန်းများကို မြန်မာ-တရုတ်တပ်မတော်နှစ်ရပ် ပူးတွဲစစ်ရေးလေ့ကျင့်နေကြောင်း သိရသည်။
ရန်ကုန်မြို့မှတစ်ဆင့် မြန်မာ့တပ်မတော်ရေမှ စစ်ရေယာဉ်များ နှင့် တရုတ်ပြည်သူ့လွတ် မြောက်ရေးတပ်မတော်(ရေ)မှ စစ်ရေယာဉ်များသည် ယမန်နေ့(ဒီဇင်ဘာလ ၁ ရက်) ညနေပိုင်းတွင် စစ်ရေးလေ့ကျင့်မည့် ပင်လယ်ပြင်သို့ ထွက်ခွာကာ စတင်လေ့ကျင့်နေပြီဖြစ် ကြောင်း နစကမှ ဆိုသည်။
“တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်(ရေ) က စစ်ရေယာဉ်များဟာ ဒီနေ့ညနေပိုင်းမှာတော့ မြန်မာနိုင်ငံက စစ်ရေယာဉ်များနဲ့အတူ ပင်လယ်ပြင်မှာ လေ့ကျင့်ရေးဆောင်ရွက်မယ့် ဧရိယာကိုထွက်ခွာပြီး ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ရေးလုပ်ငန်း စတင်ဆောင်ရွက်လျက်ရှိပါတယ်။ မနက်ဖြန်အထိ လေ့ကျင့်မှာဖြစ်ပါတယ်။ အဲဒီမှာတော့ ဝေဟင်ရန်၊ ရေပြင်ရန်၊ ရေအောက်ရန် ကာကွယ်ရေးလေ့ကျင့်ခန်းများအတူ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ (ဒီဇင်ဘာလ ၁ ရက်)က ပြောသည်။
ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)၊ 44th PLA Navy Escort Task Group(ETG) မှ စစ်ရေယာဉ်များဖြစ်သည့် ဖျက်သင်္ဘော Zi Bo၊ ဖရီဂိတ်စစ်ရေယာဉ် Jing Zhou နှင့် ထောက်ပံ့ရေး စစ်ရေယာဉ် Qian Dao Hu တို့သည် အရာရှိစစ်သည် (၇၀၀)နှင့်အတူ နိုဝင်ဘာလ ၂၇ ရက်တွင် ရောက်ရှိလာခဲ့သည်။
အလားတူ ရုရှားစစ်သင်္ဘော(၃)စင်းသည်လည်း ပထမဆုံးအကြိမ်အဖြစ် မြန်မာ-ရုရှားရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး အက်ဒမန်ပင်လယ်အတွင်း၌ နိုဝင်ဘာလ ၇ ရက်မှ ၉ ရက်အထိ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ကိုရီးယားနိုင်ငံက စစ်ဘက်သုံးစပိုင်ဂြိုလ်တု တစ်စင်းကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ