မြန်မာနိုင်ငံရေးအခက်အခဲကိုဖြေရှင်းနိုင်ရန် ကြိုးပမ်းရာတွင် အင်ဒိုနီးရှားက တိတ်ဆိတ်သော သံတမန်ရေးနည်းလမ်းဖြင့် ချဉ်းကပ်လုပ်ဆောင်နေဟုဆို
ဂျန်ဇက် (NP News) - မတ် ၁၁
လက်ရှိအချိန်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသော အင်ဒိုနီးရှားသည် မြန်မာနိုင်ငံရေးအခြေအနေများကိုဖြေရှင်းနိုင်ရန် ကြိုးပမ်းရာတွင် သံတမန်ရေးလုပ်ဆောင်ချက်များကို လူသိရှင်ကြားပြောဆိုခြင်းမျိုးမရှိဘဲ တိတ်ဆိတ်သော သံတမန်ရေးရာနည်းလမ်းဖြင့်ချဉ်းကပ်နေကြောင်း သုံးသပ်နေကြသည်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ အာဆီယံရေးရာ ပူပေါင်းဆောင်ရွက်ရေးဌာန ညွှန်ကြားရေးမှူး ချုပ် Sidharto Suryodipuro က "ဘာလို့လဲဆိုတော့ ဒီသံတမန်ရေးနည်းလမ်းနဲ့သာ ညှိနှိုင်းဆွေးနွေးမှုအခန်းကို သွားရောက်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လုပ်ဆောင်တဲ့အရာတွေကို လူသိ ရှင်ကြားပြောဆိုမယ်ဆိုရင် သံတမန်ရေးရာ လုပ်ဆောင်ချက် နေရာပိုကျဉ်းမြောင်းလာမှာဖြစ်တယ်" ဟုဆိုသည်။
ထို့ပြင် "လက်ရှိအချိန်မှာ ကျွန်တော်တို့ရဲ့စစ်ဗိုလ်ချုပ်ကြီးတွေကို မြန်မာနိုင်ငံထံ ဘယ်တော့စေလွှတ်မယ်ဆိုတာကို ရက်သတ်မှတ်ထားတာမျိုးမရှိသေးဘူး၊ ဒါပေမယ့် အချိန်ကျရင်တော့ ကြေညာပေးမှာပါ" ဟုဆိုသည်။
မြန်မာပြည်တွင်းနိုင်ငံရေးပြဿနာများကိုဖြေရှင်းနိုင်အောင် ကူညီပေးနိုင်ရန်အတွက် အင်ဒိုနီးရှားအစိုးရသည် နစကတာဝန်ရှိသူများထံ အင်ဒိုနီးရှား စစ်ဗိုလ်ချုပ်ကြီးများကိုစေလွှတ်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတ ဝီဒိုဒိုက ထုတ်ဖော်ပြောဆိုခဲ့ဖူးကြောင်းသိရသည်။
မြန်မာနိုင်ငံတွင်အာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အာဆီယံသည် မြန်မာနိုင်ငံရေးပြဿနာကိုဖြေရှင်းနိုင်ရန်ကြိုးပမ်းခဲ့သော်လည်း မျှော်လင့်သလောက်အောင်မြင်မှုမရှိခဲ့ကြောင်း ဝေဖန်မှုများရင်ဆိုင်နေရပြီးယခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူမည့် အင်ဒိုနီးရှားက မြန်မာနိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ရန်ကြိုးပမ်းရဖွယ်ရှိနေသည်။
zawgyi version
ျမန္မာႏိုင္ငံေရးအခက္အခဲကိုေျဖရွင္းႏိုင္ရန္ ႀကိဳးပမ္းရာတြင္ အင္ဒိုနီးရွားက တိတ္ဆိတ္ေသာ သံတမန္ေရးနည္းလမ္းျဖင့္ ခ်ဥ္းကပ္လုပ္ေဆာင္ေနဟုဆို
ဂ်န္ဇက္ (NP News) - မတ္ ၁၁
လက္ရွိအခ်ိန္တြင္ အာဆီယံအလွည့္က်ဥကၠ႒ တာဝန္ယူထားေသာ အင္ဒိုနီးရွားသည္ ျမန္မာႏိုင္ငံေရးအေျခအေနမ်ားကိုေျဖရွင္းႏိုင္ရန္ ႀကိဳးပမ္းရာတြင္ သံတမန္ေရးလုပ္ေဆာင္ခ်က္မ်ားကို လူသိရွင္ၾကားေျပာဆိုျခင္းမ်ိဳးမရွိဘဲ တိတ္ဆိတ္ေသာ သံတမန္ေရးရာနည္းလမ္းျဖင့္ခ်ဥ္းကပ္ေနေၾကာင္း သုံးသပ္ေနၾကသည္။
အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ အာဆီယံေရးရာ ပူေပါင္းေဆာင္႐ြက္ေရးဌာန ၫႊန္ၾကားေရးမႉး ခ်ဳပ္ Sidharto Suryodipuro က "ဘာလို႔လဲဆိုေတာ့ ဒီသံတမန္ေရးနည္းလမ္းနဲ႔သာ ညႇိႏႈိင္းေဆြးေႏြးမႈအခန္းကို သြားေရာက္ႏိုင္မွာျဖစ္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ လုပ္ေဆာင္တဲ့အရာေတြကို လူသိ ရွင္ၾကားေျပာဆိုမယ္ဆိုရင္ သံတမန္ေရးရာ လုပ္ေဆာင္ခ်က္ ေနရာပိုက်ဥ္းေျမာင္းလာမွာျဖစ္တယ္" ဟုဆိုသည္။
ထို႔ျပင္ "လက္ရွိအခ်ိန္မွာ ကြၽန္ေတာ္တို႔ရဲ႕စစ္ဗိုလ္ခ်ဳပ္ႀကီးေတြကို ျမန္မာႏိုင္ငံထံ ဘယ္ေတာ့ေစလႊတ္မယ္ဆိုတာကို ရက္သတ္မွတ္ထားတာမ်ိဳးမရွိေသးဘူး၊ ဒါေပမယ့္ အခ်ိန္က်ရင္ေတာ့ ေၾကညာေပးမွာပါ" ဟုဆိုသည္။
ျမန္မာျပည္တြင္းႏိုင္ငံေရးျပႆနာမ်ားကိုေျဖရွင္းႏိုင္ေအာင္ ကူညီေပးႏိုင္ရန္အတြက္ အင္ဒိုနီးရွားအစိုးရသည္ နစကတာဝန္ရွိသူမ်ားထံ အင္ဒိုနီးရွား စစ္ဗိုလ္ခ်ဳပ္ႀကီးမ်ားကိုေစလႊတ္သြားမည္ျဖစ္ေၾကာင္း အင္ဒိုနီးရွားသမၼတ ဝီဒိုဒိုက ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးေၾကာင္းသိရသည္။
ျမန္မာႏိုင္ငံတြင္အာဏာရယူမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း အာဆီယံသည္ ျမန္မာႏိုင္ငံေရးျပႆနာကိုေျဖရွင္းႏိုင္ရန္ႀကိဳးပမ္းခဲ့ေသာ္လည္း ေမွ်ာ္လင့္သေလာက္ေအာင္ျမင္မႈမရွိခဲ့ေၾကာင္း ေဝဖန္မႈမ်ားရင္ဆိုင္ေနရၿပီးယခုႏွစ္တြင္ အာဆီယံအလွည့္က်ဥကၠ႒အျဖစ္တာဝန္ယူမည့္ အင္ဒိုနီးရွားက ျမန္မာႏိုင္ငံေရးျပႆနာကို ေျဖရွင္းႏိုင္ရန္ႀကိဳးပမ္းရဖြယ္ရွိေနသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၈)နှစ်အတွင်း နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ်ဖြင့် နိုင်ငံခြားသား(၇ဝဝ)နီးပါးကို ပြည်တွင်း၌ နေထိုင်ခွင့်ပြုထားဟုဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ