(၈)နှစ်အတွင်း နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ်ဖြင့် နိုင်ငံခြားသား(၇ဝဝ)နီးပါးကို ပြည်တွင်း၌ နေထိုင်ခွင့်ပြုထားဟုဆို
ယွန်း (NP News) - မတ် ၁၁
(၈)နှစ်တာကာလအတွင်း နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ်ဖြင့် မိသားစု အပါအဝင် နိုင်ငံခြားသားဦးရေ (၆၇ဝ)ကို မြန်မာနိုင်ငံတွင် အတည်ပြုခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မတ်လ (၁ဝ)ရက်တွင် အထက်ပါကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့် (PR System) ကို နည်းဥပဒေပြဋ္ဌာန်းထုတ်ပြန်ပြီး ကျွမ်း ကျင်ပညာရှင်၊ ရင်းနှီးမြှုပ်နှံလိုသည့် စီးပွားရေးလုပ်ငန်းရှင်၊ အခြားနိုင်ငံသားအဖြစ်ခံယူထားသော မြန်မာနိုင်ငံသား အပါအဝင် မြန်မာနိုင်ငံသားနှင့် သွေးချင်းဆက်စပ်သူ နိုင်ငံခြားသားဟူ၍ အမျိုးအစား(၄)မျိုး သတ်မှတ်ခွင့်ပြုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ပြဋ္ဌာန်းထားသည့် နည်းဥပဒေကို ပြင်ဆင်သည့် နည်းဥပဒေကို ထုတ်ပြန်နိုင်ခဲ့သည့်အတွက်လည်း PR လျှောက်ထားမှုကို ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများတွင်ပါ လျှောက်ထားမှုများ ရှိနေကြောင်း ပြည်ထောင်စုဝန်ကြီးက အသိပေးပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် ၂ဝ၁၅ ခုနှစ်မှစပြီး ယနေ့အချိန်အထိ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်(PR System) ဖြင့် ခွဲခြားသတ်မှတ် ခွင့်ပြုထားသည့် အမျိုးအစား(၄)မျိုးအရ မိသားစု အပါအဝင် လျှောက်ထားသူစုစုပေါင်း (၇၆၄)ဦးရှိပြီး နိုင်ငံခြားသား ဦးရေ(၆၇ဝ)ဦးကို အတည်ပြုခွင့်ပြုပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
အဆိုပါ လျှောက်ထားသူများအနက်မှ PR နည်းဥပဒေအရ ငြင်းပယ်ခဲ့သူ (၇)ဦး အပါအဝင် လျှောက်ထားခြင်းကို ပြန်လည်ရုတ်သိမ်းသူ(၁)ဦးနှင့် သေဆုံးသူ(၁)ဦးရှိခဲ့ကြောင်း သိရသည်။
zawgyi version
(၈)ႏွစ္အတြင္း ႏိုင္ငံျခားသား အၿမဲေနထိုင္ခြင့္စနစ္ျဖင့္ ႏိုင္ငံျခားသား(၇ဝဝ)နီးပါးကို ျပည္တြင္း၌ ေနထိုင္ခြင့္ျပဳထားဟုဆို
ယြန္း (NP News) - မတ္ ၁၁
(၈)ႏွစ္တာကာလအတြင္း ႏိုင္ငံျခားသား အၿမဲေနထိုင္ခြင့္စနစ္ျဖင့္ မိသားစု အပါအဝင္ ႏိုင္ငံျခားသားဦးေရ (၆၇ဝ)ကို ျမန္မာႏိုင္ငံတြင္ အတည္ျပဳခြင့္ျပဳေပးခဲ့ေၾကာင္း သိရသည္။
လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးျမင့္ႀကိဳင္က မတ္လ (၁ဝ)ရက္တြင္ အထက္ပါကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံတြင္ ႏိုင္ငံျခားသားအၿမဲေနထိုင္ခြင့္ (PR System) ကို နည္းဥပေဒျပ႒ာန္းထုတ္ျပန္ၿပီး ကြၽမ္း က်င္ပညာရွင္၊ ရင္းႏွီးျမႇဳပ္ႏွံလိုသည့္ စီးပြားေရးလုပ္ငန္းရွင္၊ အျခားႏိုင္ငံသားအျဖစ္ခံယူထားေသာ ျမန္မာႏိုင္ငံသား အပါအဝင္ ျမန္မာႏိုင္ငံသားႏွင့္ ေသြးခ်င္းဆက္စပ္သူ ႏိုင္ငံျခားသားဟူ၍ အမ်ိဳးအစား(၄)မ်ိဳး သတ္မွတ္ခြင့္ျပဳေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ ျပ႒ာန္းထားသည့္ နည္းဥပေဒကို ျပင္ဆင္သည့္ နည္းဥပေဒကို ထုတ္ျပန္ႏိုင္ခဲ့သည့္အတြက္လည္း PR ေလွ်ာက္ထားမႈကို ျပည္တြင္း၌သာမက ျပည္ပႏိုင္ငံမ်ားရွိ ျမန္မာသံ႐ုံးမ်ားတြင္ပါ ေလွ်ာက္ထားမႈမ်ား ရွိေနေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက အသိေပးေျပာဆိုခဲ့သည္။
ျမန္မာႏိုင္ငံတြင္ ၂ဝ၁၅ ခုႏွစ္မွစၿပီး ယေန႔အခ်ိန္အထိ ႏိုင္ငံျခားသားအၿမဲေနထိုင္ခြင့္စနစ္(PR System) ျဖင့္ ခြဲျခားသတ္မွတ္ ခြင့္ျပဳထားသည့္ အမ်ိဳးအစား(၄)မ်ိဳးအရ မိသားစု အပါအဝင္ ေလွ်ာက္ထားသူစုစုေပါင္း (၇၆၄)ဦးရွိၿပီး ႏိုင္ငံျခားသား ဦးေရ(၆၇ဝ)ဦးကို အတည္ျပဳခြင့္ျပဳေပးခဲ့ၿပီး ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ေလွ်ာက္ထားသူမ်ားအနက္မွ PR နည္းဥပေဒအရ ျငင္းပယ္ခဲ့သူ (၇)ဦး အပါအဝင္ ေလွ်ာက္ထားျခင္းကို ျပန္လည္႐ုတ္သိမ္းသူ(၁)ဦးႏွင့္ ေသဆုံးသူ(၁)ဦးရွိခဲ့ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံကျော် မြန်မာသံအဆိုတော် တွံတေးစိုးအောင်၏ ရုပ်အလောင်းအား ထိန်ပင်သုသာန်၌ မီးသင်္ဂြိုလ်
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း