သင်္ဃန်းကျွန်းမြို့နယ်ရှိ နေအိမ်တိုက်ခန်းတစ်ခု၌ ပုပ်ပွသေဆုံးနေသော အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိ
စော (NSS) - ဒီဇင်ဘာ ၁
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင် မြေညီထပ်တိုက်ခန်းတစ်ခုအတွင်း၌ ပုပ်ပွသေဆုံးနေသော အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါအလောင်းအား ယနေ့(ဒီဇင်ဘာလ ၁ရက်)၊ နံနက် (၈)နာရီဝန်းကျင်အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ဃ ရပ်ကွက်၊ သင်္ဂဟလမ်း၊ အမှတ် (၂၁)(မြေညီထပ်)တွင် အထက်ပါကဲ့သို့တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သုဝဏ္ဏပရဟိတအသင်းထံမှ သိရသည်။
“ပတ်ဝန်းကျင်က အနံရလို့ ကျွန်တော်တို့သွားကြည့်တယ်။ သူ့အိမ်ထဲမှာ လဲပြီး သေဆုံးနေတာပါ။ သွေးတော့မဟုတ်ဘူး။ သူသေသွားတာက ခန့်မှန်းခြေ သုံးရက်ကနေ ငါးရက်အထိ ရှိတယ်ဆိုတော့ အပုပ်ရည်ထွက်တာပါ။ သူကိုယ်ပေါ်မှာ ဒဏ်ရာမရှိပါဘူး”ဟု သုဝဏ္ဏပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
သေဆုံးသူအမျိုးသားသည် အသက် (၃၇)နှစ်အရွယ်ရှိ ကိုတင်ထွဋ်ဖြစ်ပြီး နေအိမ်တိုက်ခန်းတွင် တစ်ဦးတည်း နေထိုင်သူဖြစ်ကြောင်း သိရသည်။
“သူကအစထဲက ကျန်းမာရေးမကောင်းတာပါ။ ကျွန်တော်တို့အသင်းရဲ့ အခမဲ့ဆေးကုခန်းမှာ ဆေးကုနေကြလူပါ။ မိသားစုလည်းမရှိဘူး။ အရက်လည်းအရမ်းသောက်တယ်ဆိုတော့ Potassium အရမ်းကျသွားတာဖြစ်လိမ့်မယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် ၎င်း၏ ရုပ်အလောင်းအား သင်္ဃန်းကျွန်းမြို့နယ်ရှိ စံပြဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မွန်ပြည်နယ်ရှိ တောင်ဝိုင်းတောင် တောင်တက်လမ်းလျှောက်ဘုရားဖူးရာသီကို ဒုတိယအကြိမ်အဖြစ် မနက်ဖြန်၌ဖွင့်လှစ်မည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း