ရန်စမှုများကို လက်တုံ့ပြန်ရန်အတွက် အသင့်အနေအထားဖြင့် ရှိနေရန် ၎င်း၏ စစ်တပ်ကို မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်း တိုက်တွန်းခဲ့
Pika (NSS) - ဒီဇင်ဘာ ၁
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းသည် ရန်သူများ၏ ရန်စမှုမှန်သမျှကို လက်တုံ့ပြန်မှုများ လုပ်ဆောင်ရန် အတွက် ၎င်း၏ စစ်တပ်ကို အသင့်အနေအထားဖြင့် ရှိနေရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။
ကင်ဂျုံအန်းသည် တောင်ကိုရီးယားနိုင်ငံနှင့် ထိစပ်သော နယ်စပ်တစ်လျှောက်တွင် လက်နက်အသစ်များနှင့် တပ်ဖွဲ့များကို ပိုမိုဖြန့်ကျက်ချထားသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့ပြီးနောက် ယခုကဲ့သို့တိုက်တွန်းမှုများ ထပ်မံ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ကင်ဂျုံအန်းသည် မြောက်ကိုရီးယားနိုင်ငံ၏ လေတပ်သားများနေ့ အထိမ်းအမှတ် အဖြစ် နိုဝင်ဘာလ(၃ဝ) ရက်တွင် လေတပ်ဌာနချုပ်ကို သွားရောက်လည်ပတ်ခဲ့ပြီး စစ်တပ်၏ အဆင်သင့်အနေ အထားများနှင့် စစ်ရေးစွမ်းရည်များ ပိုမိုကောင်းမွန်လာစေရန်အတွက် စစ်ဆင်ရေးဆိုင်ရာ မဟာဗျူဟာမြောက် လမ်းညွှန်ချက်များကို ထုတ်ပြန်ခဲ့ကြောင်း KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
KCNA က "ကင်ဂျုံအန်းဟာ လေတပ် တပ်ဖွဲ့ဝင်တွေရဲ့ လေကြောင်းတိုက်ခိုက်ရေးမစ်ရှင်တွေကို လုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး သူတို့ရဲ့အသင့်အနေအထားရှိမှုတွေကို အကဲဖြတ်ခဲ့ပါတယ်" ဟု ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားသည် ပြီးခဲ့သည့် သီတင်းပတ်တွင် ၎င်း၏ ပထမဆုံး စစ်ဘက်သုံးစပိုင်ဂြိုလ်တုကို လွှတ်တင်ခဲ့ပြီး အဆိုပါဂြိုလ်တုကို အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ စစ်ရေးလှုပ်ရှားမှုများကို စောင့်ကြည့်ရန်အတွက် ဒီဇိုင်း ထုတ်ထားခြင်းဖြစ်ကြောင်း ပြောခဲ့သည်။ အဆိုပါလွှတ်တင်မှုသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် များကို ပြတ်ပြတ်သားသားချိုးဖောက်နေသည့်လုပ်ရပ်တစ်ခုဖြစ်ကြောင်း အမေရိကန်နှင့် ၎င်း၏ မိတ်ဖက်နိုင်ငံများ က ပြစ်တင်ဝေဖန်ပြောဆိုခဲ့သည်။
စစ်ဘက်သုံး စပိုင်ဂြိုလ်တုလွှတ်တင်မှုမှာ ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်ပိုင်ခွင့်အရ လွှတ်တင်ခြင်းမျိုးဖြစ်ပြီး နောက်ထပ်ဂြိုလ်တုများကိုလည်း ထပ်မံလွှတ်တင်သွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရက ပြောခဲ့သည်။
ထို့နောက် တောင်ကိုရီးယားသည် ၂ဝ၁၈ ခုနှစ်တွင် မြောက်ကိုရီးယားနှင့် ချုပ်ဆိုထားသော စစ်ရေးသဘောတူညီ ချက်အချို့ကို ဆိုင်းငံ့ခဲ့ပြီး နှစ်နိုင်ငံ နယ်စပ်အနီးတွင် စောင့်ကြည့်လေ့လာရေးလုပ်ငန်းများကို ပြန်လည်လုပ်ဆောင် ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံက ပြည်တွင်းပြဿနာများရှိနေသည့်အတွက် ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်မှုများ လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်း ထိုင်ဝမ်သမ္မတ ထုတ်ဖော်ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ