တရုတ်နိုင်ငံက ပြည်တွင်းပြဿနာများရှိနေသည့်အတွက် ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်မှုများ လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်း ထိုင်ဝမ်သမ္မတ ထုတ်ဖော်ပြော
Pika (NSS) - ဒီဇင်ဘာ ၁
တရုတ်အစိုးရသည် ၎င်း၏ ပြည်တွင်းပြဿနာများနှင့် ရင်ဆိုင်နေရသည့်အတွက် ထိုင်ဝမ်ကို ကျူးကျော် တိုက်ခိုက်မှုများ လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်း ထိုင်ဝမ်သမ္မတဆိုင်အမ်ဝမ်က ပြောကြားခဲ့သည်။
ထို့အပြင် တရုတ်အစိုးရတွင် ထိုင်ဝမ်ကျွန်းကို ကျူးကျော်တိုက်ခိုက်မှုများလုပ်ဆောင်ရန်အတွက် ချက်ချင်း အစီအစဉ်များ မရှိသေးကြောင်း ဆိုင်အမ်ဝမ်က ပြောဆိုခဲ့သည်။
ဆိုင်အမ်ဝမ်က "ထိုင်ဝမ်ကျွန်းကို နိုင်ငံတကာထောက်ခံမှု ပိုမိုအားကောင်းလာတာမျိုးတွေနဲ့အတူ တရုတ်အစိုးရ ဟာ နိုင်ငံရေးအပြင် စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် စစ်ပွဲဖြစ်လာ နိုင်တဲ့အခွင့်အလမ်းက အလွန်နည်းပါးပါတယ်။ တရုတ်အစိုးရဟာ ပြည်တွင်းစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကျွန်မထင်ပါတယ်။ ဒီအချိန်ဟာ ထိုင်ဝမ်ကျွန်းကို ကျူးကျော်တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ သူတို့စဉ်းစားရမယ့် အချိန်မဟုတ်ဘူးလို့ ကျွန်မထင်ပါတယ်။ စစ်ပွဲဆိုတာ ရွေးချယ်စရာတစ်ခုမဟုတ်ကြောင်းနဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဟာ အားလုံးရဲ့အကျိုးစီးပွားအတွက်ဖြစ်တယ်ဆိုတာကို နိုင်ငံတကာအသိုင်းအဝိုင်းက ရှင်းရှင်း လင်းလင်းပြောကြားထားပါတယ်။ ထိုင်ဝမ်ကို အမေရိကန်ရဲ့ထောက်ခံမှုတွေကလည်း ပိုမိုအားကောင်းလာပါ တယ်။ ပြီးတော့ နိုင်ငံတကာ ထောက်ခံမှုကလည်း မခိုင်မာသေးဘူးဆိုပေမယ့် အရင်ကထက်တော့ အများကြီး ပိုအားကောင်းလာပါတယ်" ဟု ပြောခဲ့သည်။
ထို့အပြင် တရုတ်နိုင်ငံနှင့် ပဋိပက္ခဖြစ်နိုင်ခြေနှင့်ပတ်သက်ပြီး ဆိုင်အမ်ဝမ်က ထုတ်ဖော်ပြောဆိုခဲ့ကြောင်းလည်း သိရသည်။ ၎င်းက "အဲဒီအန္တရာယ်နဲ့ပတ်သက်ပြီး ထိုင်ဝမ်နဲ့ အမေရိကန်တို့ဟာ ပူးတွဲစီမံခန့်ခွဲမှုတွေလုပ်ဆောင်နေ ပါတယ်။ ကျွန်မတို့ဒီကိစ္စမှာ အဆင်ပြေတယ်လို့လည်းထင်ပါတယ်" ဟု ပြောခဲ့သည်။
တရုတ်အစိုးရသည် ထိုင်ဝမ်နှင့် ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် နေရာအများအပြားကိုခွင့်ပြုပေး ရန် ဆန္ဒရှိသော်လည်း ခွဲထွက်ရေးလုပ်ရပ်များကို သည်းခံမည်မဟုတ်ကြောင်း နိုဝင်ဘာလ(၂၇)ရက်တွင် ထုတ်ဖော် ပြောခဲ့သည်။
တရုတ်အစိုးရပြောရေးဆိုခွင့်ရှိသူ Chen Binhua က "ထိုင်ဝမ်လွတ်လပ်ရေးဟာ စစ်ပွဲကိုဆိုလိုတာဆိုတဲ့အချက်ကို ကျွန်တော် အလေးပေးပြောကြားလိုပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်း၌ ဝယ်ယူသုံးစွဲမှုအများဆုံးဖြစ်သော စက်သုံးဆီ 92 တစ်လီတာလျှင် ငွေကျပ် (၃၄၀)အထိ ရုတ်တရက်မြင့်တက်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ