နေတိုးအဖွဲ့တွင် ဘယ်တော့မှ ပါဝင်မည်မဟုတ်ကြောင်း ယူကရိန်းသမ္မတဇီလန်စကီး ဝန်ခံ
Pika (NSS) - ဒီဇင်ဘာ ၁
ယူကရိန်းနိုင်ငံသည် နေတိုးအဖွဲ့တွင် ဘယ်တော့မှပါဝင်မည်မဟုတ်ကြောင်း ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ဖော်ပြောခဲ့သည်။ ဇီလန်စကီးသည် နိုဝင်ဘလာ(၂၉)ရက်က Nikolaev မြို့ရှိ တက္ကသိုလ်ကျောင်းသားများ နှင့် တွေ့ဆုံစဉ်အချိန်အတွင်း ယခုကဲ့သို့ ထုတ်ဖော်ပြောခဲ့ခြင်းဖြစ်သည်။
ယူကရိန်းနိုင်ငံသည် အမေရိကန်ဦးဆောင်သော နေတိုးအဖွဲ့တွင် ပါဝင်ခြင်းရှိ/မရှိ ဆိုသည့်အချက်ကို မသိကြောင်း ဇီလန်စကီးက ရှင်းပြပြောခဲ့သည်။ ဇီလန်စကီးက "ဒါက ဘယ်လိုဖြစ်သွားမလဲဆိုတာ ကျွန်တော်တို့ မသိပါဘူး။ နေတိုးအဖွဲ့မှာ ပါဝင်မှာလား ဆိုတဲ့အချက်ကို ဘယ်သူမှ သေချာဖြေနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ နေတိုး အဖွဲ့ဝင်နိုင်ငံဖြစ်ရင်လည်း ဖြစ်လာနိုင်သလို အဖွဲ့ဝင်နိုင်ငံမဖြစ်ရင်လည်း မဖြစ်လာနိုင်ပါဘူး" ဟု ပြောခဲ့သည်။
ယူကရိန်းနိုင်ငံသည် နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် က နိုဝင်ဘာလ(၂၉)ရက်တွင် ဘရပ်ဆဲလ်မြို့မှာ ကျင်းပသည့် နေတိုးအဖွဲ့နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
အန်တိုနီဘလင်ကန် က "အဖွဲ့ဝင်နိုင်ငံတွေ သဘောတူပြီး အခြေအနေတွေက ကောင်းမွန်တယ်ဆိုရင် ယူကရိန်း ဟာ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာနိုင်ပါတယ်။ ယူကရိန်းဟာ နေတိုးအဖွဲ့ဝင်နိုင်ငံ ဖြစ်လာနိုင်ဖို့အတွက် ကောင်းမွန်တဲ့လမ်းကြောင်းပေါ်မှာရှိနေပြီး ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်လာဖို့ လုပ်ငန်းစဉ်ကလည်း အစပျိုးနေပါပြီ" ဟု ပြောခဲ့သည်။
ရုရှားသည် ၎င်း၏ နယ်နိမိတ်အနီးသို့ နေတိုးအဖွဲ့၏ချဲ့ထွင်မှုများကို လုံခြုံရေးခြိမ်းခြောက်မှုတစ်ခုအဖြစ် ကာလ ရှည်ကြာရှုမြင်ခဲ့ကြောင်းလည်း သိရသည်။ နေတိုးအဖွဲ့သို့ ယူကရိန်းဝင်ရောက်ခြင်းကို လုံးဝလက်မခံနိုင်ကြောင်း ရုရှားသမ္မတပူတင်က အကြိမ်ကြိမ်ပြောဆိုခဲ့ပြီး ယူကရိန်း၏ အလားအလာရှိသော နေတိုးအဖွဲ့သို့ ဝင်ရောက်ခြင်း သည် လက်ရှိစစ်ဆင်ရေးအတွက် အဓိကအကြောင်းအရင်းများထဲမှ တစ်ခုဖြစ်ကြောင်း ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်စမှုများကို လက်တုံ့ပြန်ရန်အတွက် အသင့်အနေအထားဖြင့် ရှိနေရန် ၎င်း၏ စစ်တပ်ကို မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်း တိုက်တွန်းခဲ့
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ