မြန်မာနိုင်ငံမြောက်ပိုင်းတွင် ပိတ်မိနေသော မလေးရှားနိုင်ငံသား အများစုပါဝင်သည့် လူ(၁၂၁)ဦးကို အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ကြောင်း မလေးရှားအစိုးရပြော
Pika (NSS) - ဒီဇင်ဘာ ၁
မြန်မာနိုင်ငံမြောက်ပိုင်းတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်တပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ပိတ်မိနေသည့် အွန်လိုင်းကိုအသုံးပြုကာ လိမ်လည်နေသည့်ဂိုဏ်းများ၏ သားကောင်များဟု ယူဆရသော မလေးရှားနိုင်ငံသား အများစုပါဝင်သည့် စုစုပေါင်းလူ(၁၂၁)ဦးကို ဒီဇင်ဘာလ(၁)ရက်တွင် မြန်မာနိုင်ငံတွင်းမှ ဘေးလွတ်ကင်းရာသို့ ရွှေ့ပြောင်းကယ်ထုတ်နိုင်ခဲ့ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ သည်။
မလေးရှားနိုင်ငံသား အများစုနှင့် အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးပါဝင်သော အဆိုပါအဖွဲ့သည် ဒီဇင်ဘာလ(၁)ရက် နံနက်(၃)နာရီ(၂၄)မိနစ်တွင် ကွာလာလမ်ပူနိုင်ငံတကာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း မလေးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့သည်။
အဆိုပါအဖွဲ့သည် အထူးစီစဉ်ထားသော လေယာဉ်ဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့မှ ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါရွှေ့ပြောင်းကယ်ထုတ်ရေးမစ်ရှင်ကို နိုဝင်ဘာလ(၃ဝ)ရက် နံနက်ပိုင်း က တရုတ်-မြန်မာနယ်စပ်တွင် နိုင်ငံပေါင်းစုံမှ ပူးပေါင်းဆောက်ရွက်မှု၊ ခွင့်ပြုချက်တို့ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် အောက်တိုဘာလနှောင်းပိုင်းတွင် မြန်မာ့တပ်မတော် နှင့် လက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများ ပိုမို ပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် အဆိုပါကယ်ထုတ်ရေးလုပ်ငန်းစဉ်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါ လက်နက်ကိုင်အဖွဲ့များသည် တရုတ်-မြန်မာနယ်စပ်အနီးရှိ မြို့အများအပြား နှင့် တပ်မတော်၏ စစ်စခန်းများကို သိမ်းယူခဲ့ကြောင်းလည်း သိရသည်။
ထို့အပြင် မလေးရှားအစိုးရသည် အခြေအနေမျာားကို ဆက်လက်စောင့်ကြည့်နေပြီး ကယ်ဆယ်ရန်ကျန်ရှိနေသေး သော လူ(၇)ဦးကို ထပ်မံကယ်ထုတ်ရန်စီစဉ်နေကြောင်း မလေးရှားနိုင်ငံခြားရေးဒုဝန်ကြီး Mohamad Alamin က ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာဆီယံနိုင်ငံများ၏ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာကိစ္စရပ်များတွင် တရုတ်နိုင်ငံမှ ပူးပေါင်းကူညီရန် နစကဝန်ကြီး တောင်းဆို
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ