အာဆီယံနိုင်ငံများ၏ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာကိစ္စရပ်များတွင် တရုတ်နိုင်ငံမှ ပူးပေါင်းကူညီရန် နစကဝန်ကြီး တောင်းဆို
ယွန်း (NSS) - ဒီဇင်ဘာ ၁
တရုတ်နိုင်ငံအား အာဆီယံနိုင်ငံများ၏ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းကူညီရန် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အကြံပြုပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြီးခဲ့သည့် နိုဝင်ဘာလ(၂၇)ရက်တွင် ဗီယင်ကျန်းမြို့ရှိ ဒုန်ချန်ပဲလေ့စ်ဟိုတယ်၌ ကျင်းပခဲ့သည့် "အာဆီယံပေါင်းစည်းမှုဆိုင်ရာ မဟာစီမံကိန်း ၂၀၂၅ နှင့် တရုတ်နိုင်ငံရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတို့အကြား ဒေသတွင်း ပို့ဆောင်ဆက်သွယ်မှု တိုးတက်ရေး နှင့် သာယာဝပြောမှုမျှဝေရေး ဖိုရမ်"တွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အာဆီယံပေါင်းစည်းမှုဆိုင်ရာ မဟာစီမံကိန်း၏ လုပ်ငန်းစဥ်များတွင် မြန်မာ-လာအို စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ခြင်း အပါအဝင် မြန်မာနိုင်ငံအတွင်း မီးရထားလမ်း နှင့် အမြန်လမ်းမကြီးများ တည်ဆောက်ခြင်းများလည်း ပါဝင်ကြောင်း သိရသည်။
ထို့ကြောင့် တရုတ်နိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများ၏ အခြေခံအဆောက်အဦးဆိုင်ရာ စီမံချက်များ၊ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာကိစ္စများ၊ လူ့စွမ်းအားအရင်းအမြစ်တိုးတက်စေရေး ကဏ္ဍများကို ပူးပေါင်းကူညီပေးရန် ဒေါက်တာသက်သက်ခိုင်က အကြံပြုပြောကြားခဲ့သည်။
ထို့ပြင် ဒီဂျစ်တယ်အသွင်ကူးပြောင်းမှု နှင့် လူ့စွမ်းအားအရင်းအမြစ် တိုးတက်စေရေးကဏ္ဍများတွင်လည်း ပူးပေါင်းကူညီပေးရန် ထည့်သွင်းပြောကြားခဲ့သည်။
မဟာစီမံကိန်း (၂၀၂၅)သည် အာဆီယံနိုင်ငံများအကြားတွင် စဥ်ဆက်မပြတ်ရေရှည်တည်တံ့သည့် အခြေခံအဆောက်အဦများ ဖြစ်ပေါ်လာရေးအပြင် ဒစ်ဂျစ်တယ်နည်းပညာနှင့် ပို့ ဆောင်ဆက်သွယ်မှု လွယ်ကူစေရေးကို တိုးတက်စေကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပထမဆုံးပြည်တွင်းထုတ် စပိုင်ဂြိုလ်တုကို ဒီဇင်ဘာလ(၂)ရက်မှာ လွှတ်တင်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရ ထုတ်ပြန်ကြေညာ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း