ဂါဇာကမ်းမြောင်ဒေသအပေါ် တိုက်ခိုက်မှုများကို ပြန်လည်စတင်ခဲ့ကြောင်း အစ္စရေးစစ်ဘက်ပြော
Pika (NSS) - ဒီဇင်ဘာ ၁
အစ္စရေးအစိုးရသည် ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်က အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်ကြောင်း စွပ်စွဲပြောဆိုကာ ဟားမက်လက်နက်ကိုင်အဖွဲ့အပေါ် တိုက်ခိုက်မှုများကို ပြန်လည်စတင်ခဲ့ ကြောင်း သိရသည်။
အစ္စရေးနှင့် ဟားမက်တို့ကြား သဘောတူညီထားသော အပစ်အခတ်ရပ်စဲရေး ပြီးဆုံးသည်နှင့်တစ်ပြိုင်နက် တိုက်ခိုက်မှုများကို ပြန်လည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အစ္စရေးအစိုးရက အကြိမ်ကြိမ်ပြောခဲ့သည်။
အစ္စရေးစစ်တပ် က "ဟားမက်လက်နက်ကိုင်အဖွဲ့ဟာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်ခဲ့ပြီး အစ္စရေးနယ်မြေထဲကို ဒုံးကျည်တွေပစ်လွှတ်ခဲ့ပါတယ်။ ဒါကြောင့် အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြောင်ဒေသမှာရှိ တဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့အပေါ် တိုက်ခိုက်မှုတွေကို ပြန်လည် စတင်ခဲ့ပါတယ်။ အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့ကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်" ဟု ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
သို့သော်လည်း အဆိုပါအခြေအနေများနှင့်ပတ်သက်ပြီး ဟားမက်လက်နက်ကိုင်အဖွဲ့က မှတ်ချက်ပြု ပြောဆိုခြင်း မျိုးမရှိသေးကြောင်း သိရသည်။ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက "ဟားမက်လက်နက်ကိုင်အဖွဲ့ဟာ ဓါးစာခံ အဖြစ် ဖမ်းဆီးထားတဲ့အမျိုးသမီးတွေအားလုံး ပြန်လွှတ်ပေးရမယ့်တာဝန်ကို သဘောမတူဘဲ ကျွန်တော်တို့ ရရှိ ထားတဲ့သဘောတူညီချက်တွေကို ချိုးဖောက်ခဲ့တာပါ။ တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့ပေမယ့်လည်း ကျွန်တော်တို့ရဲ့ အဓိကပန်းတိုင်ဖြစ်တဲ့ ဓါးစာခံအားလုံးပြန်လွှတ်ပေးဖို့၊ ဟားမက်အဖွဲ့ကို ချေမှုန်းဖို့နဲ့ အစ္စရေးပြည်သူတွေကို ဂါဇာကမ်းမြောင်ဒေသက နောက်ထပ်ဘယ်တော့မှ ခြိမ်းခြောက်မှုတွေ မလုပ်ဆောင်နိုင်တော့တာ သေချာစေဖို့ အတွက် အစ္စရေးအစိုးရက ကတိပြုထားပါတယ်" ဟု ပြောခဲ့သည်။
အစ္စရေး နှင့် ဟားမက်တို့သည် ကာတာနိုင်ငံ ကြားဝင်စေ့စပ်ပေးသည့် လေးရက်ကြာ အပစ်အခတ်ရပ်စဲရေးကို နိုဝင်ဘာလ(၂၄)ရက်တွင် စတင်သဘောတူညီခဲ့ကြခြင်းဖြစ်သည်။ ထို့အပြင် ဟားမက်လက်နက်ကိုင်အဖွဲ့က ဓါးစာခံ(၁ဝ)ဦး လွှတ်ပေးတိုင်း အပစ်အခတ်ရပ်စဲရေးကို တစ်ရက်သက်တမ်းတိုးသွားမည်ဖြစ်ကြောင်း အစ္စရေးဖက် က ပြောခဲ့သည်။
အစ္စရေး နှင့် ဟားမက်တို့သည် အပစ်အခတ်ရပ်စဲရေးကို အကြိမ်ကြိမ်သက်တမ်းတိုးခဲ့ပြီး ဟားမက်အဖွဲ့သည် နိုင်ငံခြားသား အများအပြား အပါအဝင် ဓါးစာခံ(၁ဝဝ)ကျော်ကို ပြန်လွှတ်ခဲ့ပြီး အစ္စရေးက ပါလက်စတိုင်းနိုင်ငံသား (၂၄ဝ) ဝန်းကျင်ကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံမြောက်ပိုင်းတွင် ပိတ်မိနေသော မလေးရှားနိုင်ငံသား အများစုပါဝင်သည့် လူ(၁၂၁)ဦးကို အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ကြောင်း မလေးရှားအစိုးရပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ