တီထွင်ဆန်းသစ်မှုနှင့်နည်းပညာတိုးတက်မှုအတွက် စွန့်ဦးတီထွင်သူများကိုမွေးထုတ်ပေးရန် လိုအပ်ကြောင်း မြန်မာသံအမတ်ကြီးပြော
ကျော် (NSS) - ဒီဇင်ဘာ ၁
တီထွင်ဆန်းသစ်မှုနှင့်နည်းပညာတိုးတက်မှုအတွက် စွန့်ဦးတီထွင်သူများကိုမွေးထုတ်ပေးရန် လိုအပ်ကြောင်း ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့်အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးမင်းသိမ်းကဆွေးနွေးပြောကြားသည်။
သံအမတ်ကြီးဦးမင်းသိမ်းက UNIDO ၏ (၂၀)ကြိမ်မြောက် အထွေထွေညီလာခံကာလအ တွင်း နိုဝင်ဘာလ ၂၉ ရက်ကပြုလုပ်သည့် အထွေထွေဆွေးနွေးမှုအစီအစဥ်၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့တွင် နိုဝင်ဘာလ ၂၇ ရက်မှ ဒီဇင်ဘာလ ၁ ရက်အထိ ကုလသမဂ္ဂဖွံ့ဖြိုးရေးအဖွဲ့(UNIDO)၏ (၂၀)ကြိမ်မြောက် အထွေထွေညီလာခံအား ကျင်းပလျက်ရှိသည်။
ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များနှင့်အညီ မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုဇုန်များနှင့်အစုအဖွဲ့များဖွံ့ဖြိုးတိုးတက်ရေးကို သံအမတ်ကြီးဦးမင်းသိမ်းက ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် တီထွင်ဆန်းသစ်မှုကို အထောက်အကူဖြစ်စေသော ပတ်ဝန်းကျင်ဖန်တီးရေး၊ အရင်းအမြစ်များ ထိရောက်စွာအသုံးပြုနိုင်မှုမြှင့်တင်နိုင်ရန် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် နှင့်စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲရေး၊ အစိမ်းရောင်စက်မှုလုပ်ငန်းကဏ္ဍ နှင့် circular economy ဆိုင်ရာအသိပညာပေးရေးတို့ကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့အတူ အလုပ်သမားအခွင့်အရေးများ၊ တရားမျှတမှုတို့မြှင့်တင်ရေး၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs)နှင့်စက်မှုလုပ်ငန်းများကြား ချိတ်ဆက်မှုတိုးတက်ရေးကိုလည်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် တီထွင်ဆန်းသစ်မှုနှင့်နည်းပညာဆိုင်ရာ တိုးတက်မှုအတွက် စွန့်ဦးတီထွင်သူများကို မွေးထုတ်ပေးရန် ဆောင်ရွက်လျက်ရှိခြင်းကိုလည်း သံအမတ်ကြီးဦးမင်းသိမ်းက ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ချောက်မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ သေနတ်ဖြင့် အနီးကပ် လုပ်ကြံသတ်ဖြတ်ခံခဲ့ရ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ