ချောက်မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ သေနတ်ဖြင့် အနီးကပ် လုပ်ကြံသတ်ဖြတ်ခံခဲ့ရ
Pearl (NSS) - ဒီဇင်ဘာ ၁
ချောက်မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌအား အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် အနီးကပ် လုပ်ကြံပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံတစ်ဦးက NSS ကို ပြောသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉ရက် ၊ ညနေ (၃)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်း၊ ချောက်မြို့၊ အမှတ် ၉ ကင်းမွန်းခြုံရပ်ကွက်ရှိ "သန့်သန့်"လျှပ်စစ်ပစ္စည်းဆိုင်ရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ချောက်မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌဖြစ်သူ ဦးသန့်ဇင်ဦးသည် ဆိုင်ကယ်ဖြင့် စည်ပင်ရုံးမှနေအိမ်သို့ပြန်လာစဉ် ၎င်းအနောက်မှ ဆိုင်ကယ်(၂)စီးဖြင့် အကြမ်းဖက်အမျိုး သား (၂)ဦးခန့် လိုက်ပါလာခဲ့ကြောင်း သိရသည်။
ထိုသို့လိုက်ပါလာခဲ့ပြီး အခင်းဖြစ်နေရာအရောက်၌ အကြမ်းဖက်အမျိုးသားတစ်ဦးက ဦးသန့်ဇင်ဦးအား သေနတ်ဖြင့် (၂)ချက် ပစ်ခတ်သတ်ဖြတ်သွားခဲ့ပြီး အခြားဆိုင်ကယ်တစ်စီးမှ အကြမ်းဖက်အမျိုးသားက မှတ်တမ်းဗွီဒီယို ရိုက်ကူးခဲ့ကြောင်း သိရသည်။
"မြို့နယ်စည်ပင်ကော်မတီဥက္ကဋ္ဌကို နောက်ကနေ လိုက်ပစ်တာ။ အနီးကပ်အပစ်ခံရတာ။ နောက်က မှတ်တမ်းယူနေတဲ့ အဖွဲ့ကလည်း သီးသန့်ပါတဲ့ပုံပဲ"ဟု ဒေသခံတစ်ဦးက NSS ကို ပြောသည်။
ဖြစ်စဉ်ကြောင့် ဦးသန့်ဇင်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သဖြင့် ရုပ်အလောင်းအား မကွေးဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၁၈)ရက်တွင်လည်း ချောက်မြို့နယ်စည်ပင်သာယာရေးရုံးသို့ အကြမ်းဖက်အမျိုးသား(၂)ဦးက ဆိုင်ကယ်တစ်စီးဖြင့်ရောက်ရှိလာ၍ လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ထွက်ပြေးသွားခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဝန်ထမ်းတစ်ဦးနှင့် အရပ်သားတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
အဆိုပါမြို့နယ်စည်ပင်ရုံးအား Chauk Guerrilla Force (C.G.F)က ၎င်းတို့ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။
အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်တွင်လည်း အဆိုပါ C.G.F အဖွဲ့က ချောက်မြို့နယ်ရှိ မြို့နယ်စည်ပင်ရုံးနှင့် လျှပ်စစ်ရုံးတို့အား သေနတ်ဖြင့်ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာသို့ တရုတ်စစ်သင်္ဘောရောက်ရှိမှုအခြေအနေ၊ အွန်လိုင်းလိမ်လည်ကျူးလွန်သူများအား ဖမ်းဆီးရမိမှုနဲ့ နိုင်ငံအတွင်း တိုက်ပွဲများအခြေအနေ - ဗိုလ်ချုပ်ဇော်မင်းထွန်း
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း