အမေရိကန်နိုင်ငံနှင့် ဘယ်တော့မှ မျက်နှာချင်းဆိုင်ဆွေးနွေးမည်မဟုတ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ညီမဖြစ်သူပြော
Pika (NSS) - နိုဝင်ဘာ ၃ဝ
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်း၏ ညီမဖြစ်သူ ကင်ယိုဂျုံသည် နိုဝင်ဘာလ(၃ဝ)ရက်တွင် အမေရိကန် နိုင်ငံနှင့် ဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ခြေကို ငြင်းဆိုခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ နှင့် ဘယ်တော့မှ မျက်နှာချင်းဆိုင်ထိုင်ကာ ဆွေးနွေးပွဲများ လုပ်ဆောင်မည်မဟုတ်ကြောင်း ပြောခဲ့သည်။
မြောက်ကိုရီးယား၏ စစ်ဖက်သုံးစပိုင်ဂြိုလ်တုကို လွှတ်တင်မှုနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများလုပ်ဆောင်ရန် အတွက် ယခုသီတင်းပတ်အစောပိုင်းတွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအပြီးတွင် ကင်ယိုဂျုံက ယခုကဲ့ ထုတ်ဖော်ပြောခဲ့ခြင်းဖြစ်သည်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးလင်ဒါသောမတ်စ်ဂရင်းဖီးလ် က "အမေရိကန်နိုင်ငံဟာ ကြိုတင် သတ်မှတ်ချက်မျိုးတွေမရှိဘဲ မြောက်ကိုရီးယားနိုင်ငံနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်ဖို့ ဆက်လက် တောင်းဆိုသွားမှာပါ။ မြောက်ကိုရီးယားနိုင်ငံဟာ အချိန်နဲ့ အကြောင်းအရာတွေကို ရွေးချယ်နိုင်ပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားနိုင်ငံဟာ ရွေးချယ်မှုတွေ လုပ်ဖို့တော့ လိုအပ်ပါတယ်" ဟု ပြောခဲ့သည်။
ကင်ယိုဂျုံ က "လွတ်လပ်တဲ့အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်တဲ့ မြောက်ကိုရီးယားနိုင်ငံဟာ အမေရိကန်နဲ့ စေ့စပ် ညှိနှိုင်းရေးတွေ ဘယ်တော့မှ လုပ်ဆောင်မှာ မဟုတ်ပါဘူး၊၊ မြောက်ကိုရီးယားနိုင်ငံဟာ အမေရိကန်နိုင်ငံနဲ့ ဘယ်တော့မှ မျက်နှာချင်းဆိုင်ထိုင်မှာ မဟုတ်ပါဘူး။ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် အဓိက ခြိမ်းခြောက်မှုဟာ မြောက်ကိုရီးယားနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ကျင့်သုံးခြင်းကနေလာတာ မဟုတ်ဘဲ အမေရိကန်နိုင်ငံရဲ့လက်ဝါးကြီးအုပ် နှောင့်ယှက်ဖိနှိပ်တတ်တဲ့အာဏာရှင်ဆန်တဲ့ အလေ့အကျင့်ကနေ လာတာပါ" ဟု ပြောခဲ့သည်။
ထို့အပြင် ပြီးခဲ့သည့်ရက်ပိုင်းက လွှတ်တင်ခဲ့သော နိုင်ငံ၏ ပထမဆုံးစစ်ဖက်သုံးစပိုင်ဂြိုလ်တုသည် အိမ်ဖြူတော် နှင့် အမေရိကန်၏ စစ်ဘက်ဆိုင်ရာနေရာအများအပြားကို ဓါတ်ပုံရိုက်ယူနိုင်ခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရက မကြာသေးမီက ထုတ်ပြန်ပြောခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံက အောင်မြင်စွာလွှတ်တင်နိုင်ခဲ့သော ပထမဆုံး စစ်ဖက်သုံးစပိုင်ဂြိုလ်တုသည် အခြားနိုင်ငံများ၏ ပိုင်ဆိုင်မှုများ၊ပစ်မှတ်များနှင့် တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများကို ထောက်လှမ်းနိုင်ရန်အတွက် မြောက်ကိုရီးယားကို ကူညီပေးနိုင်မည့် ကိရိယာတစ်ခုဖြစ်လာနိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက ပြောခဲ့ကြသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ တရုတ်၏စစ်ရေးလှုပ်ရှားမှုများ ပိုမိုတိုးမြင့်လာကြောင်း ထိုင်ဝမ်အစိုးရပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ