Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေးတပ်ဖွဲ့များက အနောက်ဘက်ကမ်းခြေတွင် ကလေးငယ်နှစ်ဦး အပါအဝင် ပါလက်စတိုင်းလူမျိုး လေးဦးကို သတ်ပစ်ခဲ့ဟုဆို

Pika (NSS) - နိုဝင်ဘာ ၃ဝ

အစ္စရေးတပ်ဖွဲ့များသည် နိုဝင်ဘာလ(၂၉)ရက်က အနောက်ဘက်ကမ်းခြေ Jenin မြို့တွင် ကလေးငယ်နှစ်ဦး အပါအဝင် ပါလက်စတိုင်းလူမျိုးလေးဦးကို သတ်ပစ်ခဲ့ကြောင်း ပါလက်စတိုင်းတရားဝင်သတင်းအေဂျင်စီ WAFA က ဖော်ပြခဲ့သည်။


ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက "အသက်(၈)နှစ်အရွယ် Adam Samer Al-Ghoul နဲ့ အသက် (၁၅)နှစ်အရွယ် Basil Suleiman Abu Al-Wafa တို့နှစ်ဦးဟာ Jenin မြို့မှာ အစ္စရေးတပ်ဖွဲ့ဝင်တွေရဲ့ သတ်ပစ်ခြင်း ကို ခံခဲ့ရပါတယ်" ဟု ထုတ်ပြန်ပြောကြားခဲ့သည်။

ထို့နောက် နာရီပိုင်းအကြာတွင် Jenin မြို့ရှိ စခန်းတစ်ခုတွင် နောက်ထပ်ပါလက်စတိုင်းလူမျိုးနှစ်ဦးဖြစ်သည့် Muhammad Jamal Zubaidi နှင့် Wissam Ziad Hanoun တို့ကို အစ္စရေးတပ်ဖွဲ့များက သတ်ဖြတ်ခဲ့ကြောင်း WAFA သတင်းအေဂျင်စီက ထပ်မံဖော်ပြခဲ့သည်။ ထို့အပြင် အစ္စရေးတပ်ဖွဲ့များသည် အဆိုပါ ပါလက်စတိုင်းလူမျိုး လေးဦးစလုံး၏ ရုပ်အလောင်းများကို ယူဆောင်သွားခဲ့ကြောင်း WAFA က ထပ်မံဖော်ပြခဲ့သည်။


Muhammad Jamal Zubaidi နှင့် Wissam Ziad Hanoun တို့သည်  IDF၊ ISA နှင့် အစ္စရေးနယ်ခြားစောင့် ရဲတပ်ဖွဲ့တို့၏ Jenin မြို့ရှိ စခန်းတစ်ခုတွင် ပြုလုပ်သော အကြမ်းဖက်မှု တုံ့ပြန်ရေးလှုပ်ရှားမှုအတွင်း သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ပြောကြားခဲ့သည်။ Muhammad Jamal Zubaidi သည် အစ္စလာမ်မစ်ဂျီဟတ် စစ်ဆင်ရေးအကြီးတန်းအရာရှိတစ်ဦးဖြစ်သလို Jenin မြို့စခန်းရှိ အဓိကအကြမ်းဖက် သမားများထဲမှ တစ်ဦးဖြစ်ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

၎င်းသည် အကြမ်းဖက်လှုပ်ရှားမှုများတွင်ပါဝင်ခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်ကာ နောက်ထပ် အကြမ်းဖက်မှုများကို လှုံ့ဆော်ပေးခဲ့သူဖြစ်ကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ပြောခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကော့ကရိတ်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းဝင်း အတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီး ၂ ပါး ထိခိုက်ဒဏ်ရာရရှိ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved