Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကော့ကရိတ်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းဝင်း အတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီး ၂ ပါး ထိခိုက်ဒဏ်ရာရရှိ

Pearl (NSS) - နိုဝင်ဘာ ၃၀

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ အံဖလေးကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်း အတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီး ၂ ပါး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ သာသနိကအဆောက်အဦးအချို့ ပျက်စီးခဲ့ကြောင်း သိရသည်။


အဆိုပါ ဖြစ်စဉ်သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်၊ ညနေ ၅ နာရီခန့်တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ကော့ကရိတ်မြို့နယ်၊ အံဖလေးရွာ၌ တပ်မတော်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ကျေးရွာဘုန်းတော်ကြီးကျောင်းဝင်းအတွင်းသို့ လက်နက်ကြီးကျည် ၄ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းဆောင်နှင့် ရေချမ်းစင်တို့ ထိမှန်ပျက်စီးကာ ဘုန်းကြီး ၂ ပါးလက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားမှုများ ရှိသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ကော့ကရိတ်မြို့နယ်ရှိ အံဖလေးရွာနှင့် ပတ်ဝန်းကျင်အနီးတစ်ဝိုက်အား တပ်မတော်မှ လက်နက်ကြီးပစ်ခတ်မှု လုံးဝ(လုံးဝ) ပြုလုပ်ခြင်း မရှိကြောင်း တပ်တွင်းသတင်းများအရ သိရှိရကြောင်း နစကဘက်က ယနေ့ (နိုဝင်ဘာလ ၃ဝ ရက်)တွင် တုံ့ပြန်ထားသည်။

အကြမ်းဖက်သမားများသည် စစ်ရေးပစ်မှတ်မဟုတ်သော မြို့၊ ရွာများ၊ ပညာရေးကျောင်းများ၊ သာသနိက အဆောက်အဦးများအား လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေခြင်းဖြစ်သည်ဟုလည်း နစကဘက်က တုံ့ပြန်ထားသည်။

ထိုသို့ပစ်ခတ်မှုကြောင့် အံဖလေးကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်း အတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီး ၂ ပါး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ သာသနိကအဆောက်အဦးအချို့ ပျက်စီးခဲ့ခြင်းသာဖြစ်ကြောင်း နစကဘက်က ဆိုသည်။ 

အလားတူ စစ်ကိုင်းတိုင်း ၊  တန့်ဆည်မြို့နယ်၊ ရွာရှည်(မ)ကျေးရွာရှိ စာသင်ကျောင်း နှင့်ဆေးရုံကို ယမန်နေ့ (နိုဝင်ဘာလ ၂၉ ရက်) တွင် တပ်မတော်က လေယာဉ်ဖြင့် ဗုံး ၂ လုံး ကျဲချတိုက်ခိုက်သွားကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားမှုများရှိသည်။

အဆိုပါ တန့်ဆည်မြို့ကို PDF များက နိုဝင်ဘာလ (၂၈) ရက် နှင့် (၂၉) ရက်များတွင်  တိုက်ခိုက်ခဲ့သော်လည်း လုံခြုံရေးပူးပေါင်းအဖွဲ့များ၏ တန်ပြန်တိုက်ခိုက်ခဲ့မှုကြောင့်  အကြမ်းဖက်သမား အများအပြား ထိခိုက်သေဆုံးခဲ့ပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့ကြသည်ဟု နစကက ဆိုသည်။ 

ထို့ပြင် ယနေ့ (နိုဝင်ဘာလ ၃၀ ရက်)တွင်လည်း တန့်ဆည်မြို့ပေါ် နှင့် တန့်ဆည်မြို့နယ်ရှိ ကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားမှု လုံးဝမရှိကြောင်း၊ သတင်းအမှားများသာဖြစ်သည်ဟု နစကက ထုတ်ပြန်ထားသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်နိုင်ငံနှင့် ဘယ်တော့မှ မျက်နှာချင်းဆိုင်ဆွေးနွေးမည်မဟုတ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ညီမဖြစ်သူပြော

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved