ပင်လယ်နီအတွင်းရှိ အမေရိကန်စစ်သင်္ဘောက အီရန်ထုတ်ဒရုန်းတစ်စင်းကို ပစ်ချနိုင်ခဲ့ကြောင်း အမေရိကန်စစ်ဘက်ပြော
Pika (NSS) - နိုဝင်ဘာ ၃ဝ
ပင်လယ်နီအတွင်းရှိ အမေရိကန်စစ်သင်္ဘောတစ်စီးသည် ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အဖွဲ့ထိန်းချုပ်ထား သော နယ်မြေများမှ ပစ်လွှတ်လိုက်သော အီရန်ထုတ်ဒရုန်းတစ်စင်းကို ပစ်ချခဲ့ကြောင်း အမေရိကန်ဗဟိုစစ်ဌာနချုပ်က နိုဝင်ဘလာ(၂၉)ရက်တွင် ထုတ်ဖော်ပြောခဲ့သည်။
အဆိုပါပစ်ချမှုသည် ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ဒေသတွင်းတွင် အမေရိကန်စစ်တပ်၏ နောက်ဆုံးအကြိမ် ကာကွယ်ရေးလှုပ်ရှားမှုတစ်ခုဖြစ်ကြောင်း သိရသည်။ အမေရိကန်သည် အစ္စရေး-ဟားမက်ပဋိပက္ခအတွင်း ဒေသအတွင်း တင်းမာမှုများ ပိုမိုတိုးမြင့်လာချိန်တွင် အီရန်ကျောထောက်နောက်ခံပြုလက်နက်ကိုင်အဖွဲ့များ၏ လှုပ်ရှားမှုများနှင့်ပတ်သက်ပြီး ပြင်းထန်စွာ သတိပေးခဲ့ကြောင်းလည်း သိရသည်။
ထို့အပြင် အမေရိကန်နိုင်ငံသည် အစ္စရေး-ဟားမက်ပဋိပက္ခကို ဒေသတွင်းပဋိပက္ခအဖြစ် ပိုမိုကျယ်ပြန့်လာခြင်းမရှိ စေရန်အတွက် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။ အီရန်ထုတ်ဒရုန်းကို အမေရိကန်ဖျက်သင်္ဘော Carney က ပစ်ချခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ဗဟိုစစ်ဌာနချုပ်က ပြောကြားခဲ့သည်။
အမေရိကန်ဗဟိုစစ်ဌာချုပ်က "အကြောင်းအရင်းတွေကို သေချာမသိရပေမယ့်လည်း အဲဒီဒရုန်းဟာ အမေရိကန် စစ်သင်္ဘောဆီကို ဦးတည်လာတာပါ။ အဲဒီအချိန်မှာ အမေရိကန်ဖျက်သင်္ဘော Carney ဟာ သင်္ဘောနှစ်စီးကို လိုက်ပါ စောင့်ကြပ်ပေးနေတာပါ။ အဲဒီသင်္ဘောနှစ်စီးထဲက တစ်စီးဟာ ဒေသတွင်းကို စစ်လက်နက်ပစ္စည်းတွေ သယ်ဆောင်လာတာပါ" ဟု ပြောခဲ့သည်။
အဆိုပါတိုက်ခိုက်မှုအတွင်း အမေရိကန်စစ်သင်္ဘောနှင့် စစ်သားများ ထိခိုက်/ပျက်စီးခြင်းမျိုးမရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပြီးခဲ့သည့်အောက်တိုဘာလတွင် အမေရိကန်စစ်သင်္ဘောသည် ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အဖွဲ့က အစ္စရေးဆီသို့ ဦးတည်ပစ်လွှတ်လိုက်သော ခရုဇ်ဒုံးကျည်လေးစင်းနှင့် ဒရုန်း(၁၅)စင်း တို့ကို ကြားဖြတ်ဟန့်တားကာ ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံသည် ပြီးခဲ့သည့်လတွင် အရှေ့အလယ်ပိုင်းဒေသသို့ လေယာဉ်တင်သင်္ဘောနှစ်စီး၊ ထောက်ပံ့ရေး သင်္ဘောများ၊ ထောင်နှင့်ချီသော အမေရိကန်တပ်ဖွဲ့ဝင်များ အပါအဝင် ရေတပ် အင်အားအများအပြားကို စေလွှတ်ခဲ့ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးတပ်ဖွဲ့များက အနောက်ဘက်ကမ်းခြေတွင် ကလေးငယ်နှစ်ဦး အပါအဝင် ပါလက်စတိုင်းလူမျိုး လေးဦးကို သတ်ပစ်ခဲ့ဟုဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ