ဂါဇာကမ်းမြောင်ဒေသသို့ လာရောက်လည်ပတ်ရန် ဟားမက်လက်နက်ကိုင်အဖွဲ့၏ ဖိတ်ကြားချက်ကို ကမ္ဘာကျော် ဘီလျံနာအီလွန်မတ် ငြင်းဆန်ပယ်ချ
Pika (NSS) - နိုဝင်ဘာ ၂၉
ကမ္ဘာကျော်ဘီလျံနာအီလွန်မတ်သည် ဂါဇာကမ်းမြောင်ဒေသသို့ လာရောက်လည်ပတ်ရန် ဟားမက်လက်နက်ကိုင်အဖွဲ့၏ ဖိတ်ကြားချက်ကို ငြင်းဆန်ပယ်ချခဲ့ကြောင်းလည်း သိရသည်။
ဂါဇာကမ်းမြောင်ဒေသတွင် လက်ရှိဖြစ်ပွားနေသော လုံခြုံရေးစိန်ခေါ်မှုများကြောင့် အဆိုပါဖိတ်ကြားချက်ကို ငြင်းဆန်ပယ်ချခဲ့ခြင်းဖြစ်ကြောင်း အီလွန်မတ်က ပြောခဲ့သည်။ အီလွန်မတ်သည် ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားနေသော ဆိုးရွားသည့်အခြေအနေများကို အသိအမှတ်ပြုခဲ့သလို ရေရှည်သာယာဝပြောရေးသည် ပါဝင် ပတ်သက်နေသူအားလုံးကို အကျိုးဖြစ်ထွန်းစေမည်ဟု ယုံကြည်ကြောင်း ပြောခဲ့သည်။
အီလွန်မတ်က "ဂါဇာကမ်းမြောင်ဒေသဟာ လက်ရှိအချိန်မှာတော့ အန္တရာယ်ရှိပုံပေါ်ပါတယ်။ ဒါပေမယ့် ရေရှည် သာယာဝပြောတဲ့ဂါဇာဟာ ဘက်ပေါင်းစုံအတွက် ကောင်းမွန်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်" ဟု ပြောခဲ့သည်။
အီလွန်မတ်သည် ပြီးခဲ့သည့်ရက်ပိုင်းက အစ္စရေးနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟု၊ သမ္မတ Isaac Herzog တို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ အဆိုပါခရီးစဉ်အတွင်း အီလွန်မတ်သည် ဟားမက်လက်နက်ကိုင်အဖွဲ့ကို ချေမှုန်းရန်လိုအပ်သည်ဆိုသည့် အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု ၏ ရပ်တည် ချက်ကို ထောက်ခံခဲ့ပြီး ဂါဇာကမ်းမြောင်ဒေသရှိ အစွန်းရောက်ဝါဒကို ဖယ်ရှားပစ်ရန် နှင့် နှိမ်နှင်းမှုများ လုပ်ဆောင် ရာတွင် အစ္စရေးကိုကူညီပေးရန် ဆန္ဒရှိကြောင်း ပြောခဲ့သည်။
အစ္စရေး နှင့် ဟားမက်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲသည် ပြီးခဲ့သည့် အောက်တိုဘာလ(၇)ရက်တွင် စတင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဟားမက်လက်နက်ကိုင်အဖွဲ့၏ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အစ္စရေး ဖက်မှ လူ(၁၂ဝဝ)ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ ထို့နောက် အစ္စရေးဖက်မှ လက်တုံ့ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ ပါလက်စတိုင်းနိုင်ငံသား (၁၄၅ဝဝ)ကျော် သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံ၌ မြန်မာနိုင်ငံအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် FAM Trip လုပ်ဆောင်ရန် စီစဉ်နေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ