တရုတ်နိုင်ငံ၌ မြန်မာနိုင်ငံအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် FAM Trip လုပ်ဆောင်ရန် စီစဉ်နေ
Pearl (NSS) - နိုဝင်ဘာ ၂၉
တရုတ်နိုင်ငံ၌ မြန်မာနိုင်ငံအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် FAM Trip လုပ်ဆောင်ရန် စီစဉ်နေကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ အချက် အလက်များအရ သိရသည်။
ယမန်နေ့ (နိုဝင်ဘာလ ၂၈ ရက်)တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး နှင့် တရုတ်နိုင်ငံ၊ XI ZANG (ရှီကျန့်) ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအစိုးရ ဥက္ကဋ္ဌ Mr. YAN JINHAI (မစ္စတာ ယန့်ကျင့်ဟိုင်) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ နေပြည်တော်၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများသို့ တရုတ်ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်လျက်ရှိမှုများ ၊ Visa on Arrival ခွင့်ပြုပေးထားမှုများ နှင့် တရုတ်နိုင်ငံရှိ မီဒီယာများ၊ Influencer များ၊ Blogger များ၊ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများ ပါဝင်သော ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (Familiarization Trip- FAM Trip) စီစဉ်ဆောင်ရွက်နေမှုတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာ နှင့် တရုတ်ကြား ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်နေမှုများ၊ တရုတ်နိုင်ငံ၌ မြန်မာနိုင်ငံအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိနိုင်ရန် ခရီးသွားမြှင့်တင်ရေး ဆောင်ရွက်နေမှုများ၊ ရှီကျန့်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ နှင့် မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများသို့ ခရီးသွားများ အပြန်အလှန် လည်ပတ်ရေး နှင့် ဘုရားဖူးခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရန်အတွက်လည်း ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံရှိ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၌ လာရောက်ရင်းနှီးမြှုပ်နှံရန် နှင့် နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် နှစ်နိုင်ငံရှိ အစိုးရ၊ ပုဂ္ဂလိက အချင်းချင်း ဆက်လက် ပူးပေါင်းဆောင်ရွက်ရန် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာကမ်းမြောင်ဒေသရှိ အစ္စလာမ်ဘာသာဝင်များ၏ အစွန်းရောက်အယူဝါဒများကို ပြောင်းလဲပစ်ရန်လိုအပ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ထုတ်ဖော်ပြော
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း