ဂါဇာကမ်းမြောင်ဒေသရှိ အစ္စလာမ်ဘာသာဝင်များ၏ အစွန်းရောက်အယူဝါဒများကို ပြောင်းလဲပစ်ရန်လိုအပ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ထုတ်ဖော်ပြော
Pika (NSS) - နိုဝင်ဘာ ၂၉
အစ္စရေးနိုင်ငံသည် ဟားမက်လက်နက်ကိုင်အဖွဲ့နှင့် စစ်ပွဲပြီးဆုံးသည်နှင့်တစ်ပြိုင်နက် ဂါဇာကမ်းမြောင်ဒေသရှိ ဗလီများ၊ အစ္စလာမ်ဘာသာရေးကျောင်းများတွင် ၎င်းတို့၏ အစွန်းရောက်အယူဝါဒများကို ဖယ်ရှားရှင်းလင်းသွား မည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ကမ္ဘာကျော် ဘီလျံနာအီလွန်မတ်ကို အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
ထို့အပြင် ချမ်းသာသော ပင်လယ်ကွေ့နိုင်ငံများကို အစွန်းရောက်မှုများကင်းစင်ခဲ့သည့် မွတ်ဆလင်နိုင်ငံများ၏ နမူနာအဖြစ် နေတန်ရာဟုက ထောက်ပြပြောခဲ့ကြောင်း သိရသည်။ ထို့အပြင် ဟားမက်လက်နက်ကိုင်အဖွဲ့ကို ဖျက်ဆီးပစ်ခြင်းသည် ဂါဇာကမ်းမြောင်ဒေသတွင် ပိုမိုစနစ်ကျသော အပြောင်းအလဲများ လုပ်ဆောင်ရန်အတွက် ရှေ့ပြေးနိမိတ်တစ်ခုဖြစ်ကြောင်း နေတန်ရာဟုက ပြောခဲ့သည်။
နေတန်ရာဟု က "ဟားမက်လက်နက်ကိုင်အဖွဲ့ကို ဖျက်ဆီးပြီးတာနဲ့ တစ်ပြိုင်နက် ဂါဇာကမ်းမြောင်ဒေက စစ်ရေး လှုပ်ရှားမှုတွေအားလုံးကို ရှင်းလင်းပစ်မှာပါ။ ဂါဇာကမ်းမြောင်ဒေသက အစွန်းရောက်တွေကို ချေမှုန်းပစ်ဖို့လိုအပ် ပြီး အဲဒါက အချိန်အနည်းငယ်ယူရမယ်လို့တော့ ထင်ပါတယ်။ အထူးသဖြင့် ဗလီတွေနဲ့ အစ္စလာမ်ဘာသာရေး ကျောင်းတွေကို ဖျက်ဆီးပစ်ရပါမယ်။ ပြီးတော့ ကျွန်တော်တို့ ဂါဇာကမ်းမြောင်ဒေသကို ပြန်တည်ဆောက်ရပါမယ်" ဟု ပြောခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသတွင် အစွန်းရောက်မှုကင်းစင်ရေးအတွက် ဒုတိယကမ္ဘာစစ်အတွင်း ဂျာမနီ နှင့် ဂျပန်နိုင်ငံတို့ အပေါ်လုပ်ဆောင်ခဲ့သည့်အတိုင်း အဆိပ်အတောက်ဖြစ်စေသည့် အစိုးရကို ဦးစွာဖယ်ရှားရှင်းလင်းပစ်ရမည်ဖြစ် ကြောင်း နေတန်ရာဟုက အီလွန်မတ်ကို ပြောခဲ့သည်။
ထို့အပြင် စစ်ပွဲ စတင်တည်းက နေအိမ်ထက်ဝက်ခန့်ပျက်စီးသွားသည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည့် ဂါဇာ ကမ်းမြောင်ဒေသကို ပြန်လည်တည်ဆောက်ရာတွင် အစ္စရေး၏ မိတ်ဖက်အာရပ်နိုင်ငံများက ကူညီနိုင်ကြောင်း နေတန်ရာဟုက အကြံပြုပြောခဲ့သည်။ အာရပ်နိုင်ငံများသည် ဂါဇာကမ်းမြောင်ဒေသတွင် ပဋိပက္ခများ ဖြစ်ပွားပြီးနောက်ပိုင်း ငြိမ်းချမ်းရေးထိန်းသိမ်းမှုများတွင် ပါဝင်မည်မဟုတ်ကြောင်း နှင့် အစ္စရေးစစ်တပ်၏ ကျန်ရစ်ခဲ့သော အရှုပ်အထွေးများကို ဖယ်ရှားရှင်းလင်းပေးမည်မဟုတ်ကြောင်း ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး Ayman Safadi က ယခုလအစောပိုင်းတွင် ထုတ်ဖော်ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ နိုဝင်ဘာလ ၂၉ ရက်အတွင်းဖြစ်ပွားခဲ့သည့် ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ