ရေးမြို့ရှိ အ.လ.က(၃)ကျောင်းအတွင်း၌ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကျောင်းစောင့်သေဆုံး
ကျော် (NSS) - နိုဝင်ဘာ ၂၉
မွန်ပြည်နယ်၊ ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ အ.လ.က(၃)ကျောင်းအတွင်း၌ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကျောင်းစောင့် သေဆုံးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်၊ ည ၁၂ နာရီခွဲကျော်ခန့်က အဆိုပါ ကျောင်းဝင်းအတွင်း၌ မိုင်းပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
"စစ်ဆေးချက်တွေ သိရသလောက်ဆိုရင် CDM လုပ်ထားတဲ့ ဒု-မြို့နယ်ပညာရေးမှူးက ကျောင်းဝင်းထဲမှာ မိုင်းခွဲဖို့ခိုင်းစေခဲ့တာလို့ သိရတယ်။ မိုင်းပေါက်ကွဲမှု ၂ ကြိမ်ဖြစ်သွားတာပါ။ ကျောင်းစောင့်သေဆုံးခဲ့ပါတယ်။ လိုအပ်တဲ့စုံစမ်းစစ်ဆေးတာတွေဆက်တိုက်လုပ်နေပါတယ်"ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ထိုသို့ မိုင်းများပေါက်ကွဲမှုကြောင့် ကျောင်းစောင့်ဖြစ်သူသည် မိုင်းစထိမှန်၊ မီးလောင်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သဖြင့် ရုပ်အလောင်းအား ရေးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။
"မိုင်းပေါက်ကွဲတာက ညဘက်ဖြစ်သွားတဲ့အတွက် သေဆုံးသူက ကျောင်းစောင့်တစ်ယောက်ထဲပဲရှိခဲ့တာ။ နေ့လည်ဘက် ကလေးတွေကျောင်းတက်နေတဲ့အချိန်မှာသာပေါက်ကွဲသွားရင် မတွေးရဲစရာပဲ။ ကလေးတွေရဲ့ပညာရေးကို မထိခိုက်စေချင်ဘူး" ဟု ရေးမြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ထို့ပြင် မိုင်းပေါက်ကွဲမှုအရှိန်ကြောင့် မီးလောင်မှုဖြစ်ပေါ်ခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များနှင့်မီး သတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရပြီး (၄)ခန်းတွဲ(၂)ထပ်စာသင်ဆောင်မှာ ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည့် လွိုင်ကော်တက္ကသိုလ်မှ ဆရာ/ဆရာမ၊ ဝန်ထမ်း (၈၆)ဦး ထပ်မံလွတ်မြောက်လာ
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း