မြောက်ကိုရီးယားစစ်တပ်က နယ်စပ်ဒေသကိုတပ်ဖွဲ့ဝင် စေလွှတ်ဖြန့်ကြတ်ချထားလာဟု တောင်ကိုရီးယားစစ်ဘက်ပြော
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂၈
မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနိုင်ငံနဲ့ချုပ်ဆိုထားတဲ့ ၂ဝ၁၈ ခုနှစ် စစ်ရေးသဘောတူညီမှုစာချုပ် ရပ်ဆိုင်း လိုက်ပြီးနောက် နယ်စပ်ဒေသ တောင်ပိုင်းကိုစစ်သားတွေ ပိုမိုစေလွှတ်လာခဲ့ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာ စစ်ဘက်သုံး ဂြိုလ်တုကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပြီးနောက် တောင်ကိုရီးယားအစိုးရဟာ မြောက်ကိုရီးယားနဲ့ ၂ဝ၁၈ ခုနှစ်က သဘောတူညီထားတဲ့ စစ်ရေးသဘောတူညီမှု စာချုပ်အစိတ်အပိုင်းတွေကို ဆိုင်းငံ့လိုက်ကြောင်း သိရပါတယ်။
အဆိုပါစစ်ရေးစာချုပ်မှာ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားနိုင်ငံကြား နယ်စပ်ဒေသမှာ ရန်လိုမှုတွေလျော့ချဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။ တောင်ကိုရီးယား စစ်ဘက်က မြောက်ကိုရီးယားစစ်ဘက်ဟာ နယ်စပ်ဒေသကို စစ်သားတွေအပြင် စစ်လက်နက်ပစ္စည်းတွေ ယခင်ထက်ပေးပို့ စေလွှတ်နေကြောင်း ပြောပါတယ်။
မြောက်ကိုရီးယားစစ်တပ်ဟာ နယ်စပ်ဒေသအစောင့်တပ်ဖွဲ့တွေကို ပြန်လည်တည်ဆောက်ပြုပြင်မှုတွေ လုပ်ဆောင်နေကြောင်း တောင်ကိုရီးယား ယွန်ဟတ်သတင်းဌာနက ဖော်ပြထားပါတယ်။
တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားနိုင်ငံကြား စစ်ရေးသဘောတူညီမှုစာချုပ်အရ မြောက်ကိုရီးယားဟာ နယ်စပ်ဒေသရှိ စစ်စခန်း ၁၁ ခုက စစ်သားတွေကို ပြန်လည်ရုတ်သိမ်းခဲ့ဖူးကြောင်း သိရပါတယ်။
မြောက်ကိုရီးယားစစ်သားတွေဟာ လက်ရှိအချိန်မှာတော့ နှစ်နိုင်ငံကြားရှိ စစ်မက်ကင်းမဲ့ဇုန်နားမျာ သစ်သားတွေနဲ့ ပြန်လည်တည်ဆောက်ခြင်းများ လုပ်ဆောင်လုပ်ဆောင်နေကြောင်းသတင်းတွေက ဖော်ပြပါတယ်။ တောင်ကိုရီးယားစစ်တပ်က မြောက်ကိုရီးယားနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့နေရာတွေကို စုံစမ်းထောက်လှမ်းခြင်းများ အရှိန်မြင့်လုပ်ဆောင်နေပြီး မြောက်ကိုရီးယားရဲ့ခြိမ်းခြောက်ခြင်းများကို ကာကွယ်ဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယခုတစ်ပတ်အတွက် စားအုန်းဆီ အခြေခံရည်ညွှန်းဈေး (၅၀၀၀)ကျပ် အထိဖြစ်လာ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ