လာမည့်ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံရှိ ဒေသအချို့၌ မိုးရွာသွန်းနိုင်ကြောင်း မိုးဇလခန့်မှန်း
ယွန်း (NSS) - နိုဝင်ဘာ ၂၈
ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် လာမည့် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံရှိ ဒေသအချို့တွင် မိုးရွာသွန်းမှုများ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလမှ ခန့်မှန်းထုတ်ပြန်ထားသည်။
မိုးဇလမှ ယနေ့(နိုဝင်ဘာလ ၂၈ ရက်)တွင် ထုတ်ပြန်သည့် ဒီဇင်ဘာလပတ်အတွက် မိုးလေဝသခန့်မှန်းချက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
မိုးဇလ၏ခန့်မှန်းချက်အရ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်း နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မလက္ကာရေလက်ကြား(Malacca Strait)တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဆက်လက်တည်ရှိနေပြီး လာမည့် ဒီဇင်ဘာလ(၁)ရက်တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။
“ဆိုင်ကလုန်းမုန်တိုင်းတော့ မဖြစ်သေးဘူးပေါ့။ လမ်းကြောင်းမပြောင်းခဲ့ရင်တော့ သက်ရောက်မှုကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း၊ အထက်ပိုင်းတွေမှာတော့ လဆန်းပိုင်းမှာ မိုးရွာသွန်းတာတွေဖြစ်နိုင်တယ်။ ဆောင်းသီးနှံတွေအတွက်တော့ သတိထားရမှာပေါ့”ဟု မိုးဇလညွှန်ကြား ရေးမှူး ဦးလှထွန်းက NSS ကိုပြောသည်။
အဆိုပါသက်ရောက်မှုကြောင့် စစ်ကိုင်း၊ မကွေး၊ တနင်္သာရီ၊ ကချင်၊ ချင်း၊ ရခိုင်၊ ကရင် နှင့် မွန်တို့တွင် မိုးရွာသွန်းနိုင်ပြီး ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ ရှမ်း နှင့် ကယားတို့တွင်လည်း (၁)ရက်မှ (၃)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။
မိုးဇလ၏ခန့်မှန်းချက်အရ လာမည့် ဒီဇင်ဘာလအတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း(၂) ကြိမ်ဖြစ်ပေါ်နိုင်ပြီး (၁)ကြိမ်တွင်ပိုမိုအားကောင်းလာသော မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ကိုရီးယားစစ်တပ်က နယ်စပ်ဒေသကိုတပ်ဖွဲ့ဝင် စေလွှတ်ဖြန့်ကြတ်ချထားလာဟု တောင်ကိုရီးယားစစ်ဘက်ပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ