Bicycle kick သွင်းယူနိုင်ခဲ့သော ဂါနာချိုကို အသင်းကစားသမားဟောင်း ရွန်းနီ၊ စီရော်နယ်ဒိုတို့နှင့် မနှိုင်းယှဉ်သင့်ကြောင်း မန်ယူနည်းပြ ထုတ်ဖော်ပြော
Pika (NSS) - နိုဝင်ဘာ ၂၇
အဲဗာတန်အသင်းကို (၃)ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် မန်ယူအသင်းတောင်ပံကစားသမား ဂါနာချိုသည် bicycle kick ဖြင့် အကောင်းဆုံးဂိုးကို သွင်းယူနိုင်ခဲ့သော်လည်း ၎င်းကို အသင်းကစားသမားဟောင်း ရွန်းနီ၊ စီရော်နယ်ဒိုတို့နှင့် မနှိုင်းယှဉ်သင့်ကြောင်း မန်ယူနည်းပြတန်ဟက်က ထုတ်ဖော်ပြောခဲ့သည်။
အသင်းကစားသမားဟောင်းများဖြစ်သော ရွန်းနီ နှင့် စီရော်နယ်ဒိုတို့သည် ၎င်းတို့၏ ကစားသမားသက်တမ်း တစ်လျှောက် bicycle kick ဂိုးများကို သွင်းယူနိုင်ခဲ့ပြီး အသက်(၁၉)နှစ်အရွယ် ဂါနာချိုကို ၎င်းတို့နှင့် နှိုင်းယှဉ်ရန်မှာ စောလွန်းသေးကြောင်း နည်းပြတန်ဟက်က အခိုင်အမာပြောခဲ့သည်။
တန်ဟက် က "ဂါနာချိုကို စီရော်နယ်ဒို၊ ရွန်းနီတို့နဲ့မနှိုင်းယှဉ်ကြပါနဲ့။ အဲဒါက မမှန်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ စီရော်နယ်ဒိုနဲ့ ရွန်းနီတို့မှာ သူတို့ရဲ့ကိုယ်ပိုင်လက္ခဏာတွေရှိပေမယ့် ဂါနာချိုအတွက်ကတော့ အဲဒီလိုဖြစ်ဖို့ အများကြီး ကြိုးစားရဦးမှာပါ။ သူအရမ်းကြိုးစားဖို့ လိုပါသေးတယ်။ ဒီလို bicycle kick သွင်းဂိုးတွေကို ကျွန်တော် တို့ အကြိမ်ပေါင်းများစွာ မြင်ဖူးပြီးပါပြီ။ ဒါပေမယ့် ရွန်းနီ နဲ့ စီရော်နယ်ဒိုတို့လို ကစားသမားမျိုး ဖြစ်ချင်တယ် ဆိုရင်တော့ ပရီးမီးယားလိဂ်ရာသီတိုင်းမှာ (၂ဝ-၂၅) ဂိုးလောက် သွင်းယူနိုင်ရပါမယ်။ ဒီလိုမျိုး ဂိုးသွင်းနိုင်ဖို့က မလွယ်ကူပါဘူး။ ပြီးတော့ အများကြီးကြိုးစားဖို့လည်း လိုအပ်ပါတယ်။ ဂါနာချိုမှာ အလားအလာတွေ အများကြီး ရှိပေမယ့် သူ့ကို စီရော်နယ်ဒို၊ ရွန်းနီတို့နဲ့ နှိုင်းယှဉ်ဖို့ကတော့ စောပါသေးတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂရိနိုင်ငံရှိ ကျွန်းတစ်ခုအနီးတွင် ကုန်တင်သင်္ဘောတစ်စီးနစ်မြုပ်ခဲ့ပြီး (၁)ဦးသေဆုံးကာ (၁၂)ဦး ပျောက်ဆုံးနေ
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း