ဂရိနိုင်ငံရှိ ကျွန်းတစ်ခုအနီးတွင် ကုန်တင်သင်္ဘောတစ်စီးနစ်မြုပ်ခဲ့ပြီး (၁)ဦးသေဆုံးကာ (၁၂)ဦး ပျောက်ဆုံးနေ
Pika (NSS) - နိုဝင်ဘာ ၂၇
ဂရိနိုင်ငံ Lesbos ကျွန်းအနီးတွင် သင်္ဘောအမှုထမ်း(၁၄)ဦး နှင့် ဆားများသယ်ဆောင်လာသော ကုန်တင်သင်္ဘော တစ်စီး နစ်မြုပ်ခဲ့ပြီးနောက် တစ်ဦးသေဆုံးကာ အခြားလူ(၁၂)ဦး ပျောက်ဆုံးနေဆဲဖြစ်ကြော်ငး ဂရိကမ်းခြေစောင့်တပ်ဖွဲ့က နိုဝင်ဘာလ(၂၆)ရက်တွင် ပြောကြားခဲ့သည်။
Comoros နိုင်ငံ အလံလွှင့်တင်ထားသော "Raptor" ကုန်တင်သင်္ဘောသည် အီဂျစ်နိုင်ငံ El Dekheila ဆိပ်ကမ်းမှ ထွက်ခွာလာကာ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့သို့ သွားနေခြင်းဖြစ်ပြီး ဂရိနိုင်ငံ Lesbos ကျွန်း အနောက် တောင်ဘက် ရေမိုင်(၄ ဒသမ ၅) မိုင်အကွာတွင် နိုဝင်ဘာလ(၂၆)ရက် အစောပိုင်းက နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"Raptor" ကုန်တင်သင်္ဘောသည် နိုဝင်ဘာလ(၂၆)ရက် နံနက်(၇)နာရီအချိန်တွင် စက်ပိုင်းဆိုင်ရာချို့ယွင်းမှုများရှိ ကြောင်း ပထမဆုံးသတင်းပေးပို့ခဲ့ပြီး နံနက်(၈)နာရီ (၂ဝ)မိနစ်တွင် သင်္ဘောကပ္ပတိန်က အရေးပေါ်ဖုန်းခေါ်ဆိုကာ သင်္ဘောတိမ်းစောင်းသွားကြောင်း သတင်းပေးပို့ခဲ့သည်။
အဆိုပါသတင်းပေးပို့မှုများလုပ်ဆောင်ပြီးနောက် မကြာမီ "Raptor" ကုန်တင်သင်္ဘောမှာ ရေဒါမှ ပျောက်ကွယ်သွား ခဲ့ကြောင်း သိရသည်။ "Raptor" ကုန်တင်သင်္ဘောသည် ဝန်ပိုတင်ထားမှုများကြောင့် တိမ်းစောင်းကာ နစ်မြုပ်သွား သည်ဟု သံသယရှိကြောင်း အာဏာပိုင်များက ပြောခဲ့သည်။
ဂရိကမ်းခြေစောင့်တပ်ဖွဲ့ က "သင်္ဘောတိမ်းမှောက်တဲ့ ဧရိယာအတွင်းမှာ ရုပ်အလောင်းတစ်လောင်းကို ဆယ်ယူရ ရှိခဲ့ပါတယ်။ အခြားလူတစ်ဦးကိုတော့ ရဟတ်ယာဉ်နဲ့ ကယ်ဆယ်နိုင်ခဲ့ပြီး Lesbos ကျွန်းမှာရှိတဲ့ ဆေးရုံကို ခေါ်ဆောင်သွားခဲ့ပါတယ်။ အခြားလူ(၁၂)ဦးကတော့ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်" ဟု ပြောခဲ့သည်။
ကုန်တင်သင်္ဘောပေါ်တွင် လိုက်ပါလာသည့် အမှုထမ်းများမှာ အီဂျစ်နိုင်ငံသား(၁၁)ဦး၊ အိန္ဒိယနိုင်ငံသား(၁)ဦး နှင့် ဆီးရီးယားနိုင်ငံသား(၂)တို့ဖြစ်ကြောင်း သိရသည်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် ကမ်းခြေစောင့် သင်္ဘော (၃)စီး၊ ကုန်တင်သင်္ဘော(၅)စီး၊ ရေတပ်နှင့် လေတပ်တို့မှ ရဟတ်ယာဉ်များ နှင့် ဖရီးဂိတ်သင်္ဘောတို့ ပါဝင်ခဲ့ကြောင်း ဂရိကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီတလီနိုင်ငံမှာ White Truffles မှိုတွေ စျေးကောင်းရ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း